<Unicode>
ဝေဒနါများအားကြိတ်မှိတ်ပြီးခံစားလာသည်မှာ မနက်ဖြန်ဆိုလျှင်သုံးရက်တောင်ပြည့်တော့မည်။ညတိုင်းလရောက်အောက်မှပုန်းကွယ်နေရသည်မှာလည်း ဝဋ်ကြွေးတစ်ခုကဲ့သို့ပင်။စောင်အားခေါင်းမြီးခြုံပြီး
အဆက်မပြတ်ရွာနေသောမိုးကြောင့်
လရောင်ဒဏ်မှအနည်းငယ်သက်သာရာရနေသည်။
မိုးသံဖြောက်ဖြောက်ကလေးများကို
ဂျောင်ကုကြားတစ်ချက်မကြားတစ်ချက်ဖြစ်လာပြီး မျက်ဝန်းများမှာ အလိုလိုမှိတ်ကျလာခဲ့သည်။တစ်နေကုန်လုံးစာများဖြင့်နပန်းလုံးနေရသောကြောင့်
သူအရမ်းကိုပင်ပန်းနေခဲ့ပြီး။
လုံလုံလောက်လောက်အနားယူရန်လိုအပ်သည်။လည်ချောင်းမှပူတက်လာသောခံစားချက်တစ်ချို့အားလျစ်လျူရှုကာ
အိပ်ပျော်အောင်ကြိုးစားနေလိုက်သည်။မနက်အာရုံတက်ချိန်တွင်
ခြံဝန်းထဲသို့ပြန်ဝင်လာသော
ကားတစ်စီး၏အသံကိုဂျောင်ကုမကြားနိုင်တော့သည်အထိ အိပ်မောကျနေသည်။ထယ်ယောင်းမှာကားထဲမှထွက်လာသည်နှင့်
အိမ်အပေါ်ထပ်သို့တက်လာပြီး
ဂျောင်ကုရှိရာအခန်းထဲသို့တိတ်တိတ်ကလေးဝင်လာကာ
ကုတင်ပေါ်တွင်ထိုင်ချလိုက်ပြီး
ဂျောင်ကုနဖူးအားစမ်းလိုက်သည်။"ဒီကလေးရဲ့အသက်အရွယ်အရ သွေးဆာလောင်မှုကနိုးထသင့်ပြီ
ဒါမှမဟုတ် သူ့ရဲ့အနီရောင်မျက်ဝန်းကိုငါကပဲအမြင်မှားသွားတာများလာ"ထယ်ယောင်းတွေဝေစွာဖြင့်
ဂျောင်ကု၏စောင်အားသေသေချာချာခြုံပေးကာ ခြေဖွဖွလေးနင်းပြီးပြန်ထွက်သွားသည်။ထယ်ယောင်းအခန်းပြင်သို့ရောက်သည်နှင့်
ဂျောင်ကု၏မျက်ဝန်းတစ်စုံမှာ
ဆတ်ကနဲပွင့်လာသည်။"သွေးဆာလောင်မှု?"
ဂျောင်ကုအိပ်မရတော့သောကြောင့် ထထိုင်လိုက်ပြီး စိတ်ရှုပ်စွာဖြင့်ဆံပင်အားဖွလိုက်သည်။
"ဖေကြီးပြောတဲ့သွေးဆာလောင်မှုကဘာကိုပြောတာလည် "
"Arr. Shitt.
ငါ့ခန္ဓာကိုယ်ကရောခုတစ်လောဘာတွေဖြစ်နေတာလည်"