Part-3

3.2K 259 9
                                    

<Unicode>
စိမ်းပြာရောင်မျက်ဝန်းတစ်စုံမှာ ညအမှောင်ထဲတွင် တစ်လက်လက်တောက်ပနေသည်။ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ရုံကိုခေါင်းအစခြေအဆုံးလွှမ်းခြုံထားသောကြောင့် ရုပ်ရည်ကိုတိတိကျကျမှန်းဆရခက်သည်။

အူးးးးးဝူးးးးးးးး

ဝံပုလွေများ၏ စွဲစွဲငင်ငင်အူသံများက တစ်ခြမ်းကွေးသာနေသော လရောင်အောက်တွင် ကြည်လင်ပြတ်သားစွာဟိန်းထွက်လာသည်။
​လရောင်ပြောက်ပင်ထိုးဖောက်၍မရသော တောအုပ်ကြီးတွင် စိမ်းပြာရောင်မျက်ဝန်းနှင့် အစိမ်းတောက်တောက်မျက်ဝန်းတစ်စုံမှာ အမှောင်ထဲတွင်တောက်ပစွာ။

လှပသောလက်ချောင်းသွယ်သွယ်ကလေးများနှင့် ဆန့်ကျင်စွာ လက်သည်းရှည်ကြီးများက အမှောင်ထဲတွင်လက်ကနဲပင်။

"အသိစိတ်ကပ်ပါသခင်
သန်းခေါင်ယံရောက်တော့မယ်"

"ငါသိတယ် ငါအရှေ့ဘက်မှာအမဲလိုက်မယ်
နင်က မြောက်ဘက်ကိုသွား"

"ကောင်းပါပြီး"

အနက်ရောင်ဝတ်ရုံမှာ လစ်ကနဲပျောက်ကွယ်သွားပြီး လျင်မြန်သောအရှိန်ဖြင့် ဟန်နရီမှာ မြောက်တောအုပ်သို့တိုးဝင်သွားပြီးပျောက်ကွယ်သွားသည်။

လခြမ်းကွေးလေးအားမော့ကြည့်ကာ ထယ်ယောင်းတစ်ချက်ပြုံးလိုက်ပြီး စိမ်းပြာရောင်မျက်ဝန်းများအရောင်ပြောင်းသွားသည်နှင့် ခြေလှမ်းများမှာ အရှေ့တောအုပ်သို့အလိုလိုဦးတည်သွားသည်။

လေတိုးသံများက သိသိသာသာဖြင့်သော်လည်ကောင်း မသိမသာဖြင့်သော်လည်းကောင်း သစ်ရွက်များ၏ပွတ်တိုက်သံများကိုကြားနေရသည်။

တစ်နာရီခန့်အကြာတွင် တောအုပ်တစ်ခုလုံးဆီမှ တိရိစ္ဆာများ၏ အလန့်တကြားထွက်ပြေးနေသောခြေလှမ်းများ ကြားလာရပြီး ဝံပုလွေများ၏ အူသံကြီးမှာ ထင်ထင်ရှားရှားထွက်ပေါ်လာသည်။
လခြမ်းကွေးတွင် တစ်ခဏအကြာ၌ တိမ်မဲများဖုံးကွယ်သွားခဲ့သည်။

"ဦးဦးဟိုဆော့"

"ဗျား ကုကီလေး"

"သားသားရဲ့ဖေကြီးက ဘယ်ကိုသွားတာလည်းဟင်"

Hey...My Son! [ REST]Where stories live. Discover now