<Unicode>
"အဲ့ကောင်ကိုသေအောင်သတ်!!""ငါတို့ကိုအာခံချင်သေးလားကောင်လေး"
တစ်ကိုယ်လုံးကိုင်ပေါက်ခံထားရသောကြောင့်အားနည်းနေသောခန္ဓာကိုယ်အား လှုပ်၍ပင်မရနိုင်တော့။
ပိန်သေးနေသောခန္ဓာကိုယ်လေးပေါ်တွင် ဖုန်အလိမ်းလိမ်းနှင့် အဖြူရောင်တီရှပ်လေးမှာ ကြည့်မကောင်းအောင်ပြဲနေခဲ့သည်။
"ဟျောင့် ခေါင်းမော့စမ်း!
အကိုကြီးမေးနေတာကိုဖြေလိုက်လေ!"ငုံ့နေသောထိုကောင်လေး၏ခေါင်းအား အကိုကြီးဆိုသူက ဆွဲမော့လိုက်သည်နှင့်
"ထွီးးး"
"ဟာကွား!
ခွပ်! ခွပ်! ခွပ်!"တံတွေးထွေးခံထားရသော မျက်နှာအားသုတ်လိုက်ကာ အားပါးတရဆွဲထိုးတော့သည်။ အထိုးခံရသော ကောင်လေးမှာ လှုပ်ပင်မနိုင်တော့။
သို့ပေမဲ့ တစ်ချက်တစ်ချက် နီရဲလာသောထိုကောင်လေး၏မျက်ဝန်းတစ်စုံကိုကားပေါ်ကကြည့်နေသောလူကြီးတစ်ယောက်ကလွှဲ၍ ဘယ်သူမှမမြင်မိကြ။
"အဲ့ကလေးကို ငါ့စံအိမ်ဆီခေါ်လာခဲ့ ဟန်နရီ"
"ကောင်းပါပြီး"
မောင်းထွက်သွားသော ကားအနက်ရောင်တစ်စီးနှင့်အတူ အထိုးခံနေရသောကောင်လေး၏ ကမ္ဘာကြီးမှ အမှောင်ကျသွားခဲ့သည်။
Kimအိမ်တော်တစ်နေရာ....
တစ်ဖြည်းဖြည်းဖွင့်လာသောမျက်ဝန်းတစ်စုံနှင့်အတူ သူ့မျက်လုံးများမှာအသက်ဝင်လာခဲ့သည်။ တစ်ကိုယ်လုံးကိုက်ခဲနေမည်ဟုတွေးထားသော်လည်း ထူးထူးဆန်းဆန်းပေါ့ပါးနေသည်။
အထိုးခံရသော မျက်နှာအားပြန်စမ်းကြည့်လိုက်တော့ ဘာအနာတရမှမရှိ။
သူခဏမျှကြောင်အသွားသည်။"နိုးလာပြီးလာ.."
အခန်းထဲသို့ဝင်လာသည့်လူတစ်ယောက်။
ထိုသူကိုသူတစ်ခါမှမမြင်ဖူးပေ။
အဖြူရောင် လက်ရှည်ရှပ်လေးကိုဝတ်ထားပြီး
ဒူးအထက်နားလောက်ထိရောက်သော
ဘောင်းဘီတိုအနက်ရောင်ကိုတွဲဝတ်ထားသည်။
တကယ့်ကိုနုနုဖက်ဖက်ကလေး။
သူတော်တော်ကြာကြာထိ ငေးကောင်းကောင်းဖြင့်ငေးနေခဲ့သည်။