<Unicode>
ဆော့ငယ်ကိုဆေးတိုက်ပြီး
နမ်ဂျွန်မှာပြတင်းပေါက်ကိုဖွင့်ပြီးအတွေးများနေသည်။
သားငယ်၏တည်နေရာကိုခုထိခြေရာခံ၍မရသေး။
ဆော့ငယ်ကိုလည်းအားနာလှပြီးပင်။သာနေသောလှကိုငေးကြည့်နေစဥ်
အဖြူရောင်အလင်းတန်းတစ်ခုမှထိုးထွက်သွားသည်ကို ကျိန်းသေပေါက်သူမြင်လိုက်ရသည်။
ဘာမှတုန့်ဆိုင်းမနေတော့ဘဲ ပြတင်းပေါက်မှနမ်ဂျွန်ခုန်ချလိုက်သည်။
မြေပြင်နှင့်ထိကပ်ခါနီးတွင်
အမဲရောင်အတောင်ပံတစ်စုံမှာ
ချက်ချင်းကျောပြင်မှထွက်လာပြီး
အလင်းတန်း၏နောက်သို့လိုက်တော့သည်။ဝုန်း!!!!!
"သားငယ်!"
သို့သော် သူ့ကိုတွေ့သည်နှင့်လာတိုက်ခိုက်သည့်သူတစ်ဦး။
ထိုလူမှာလည်း အဆင့်မြင့်Vampireမျိုးနွယ်မှပင်။"မင်းဘယ်သူလည်း!"
"ခင်ဗျားဘာကိစ္စ ကျုပ်သခင်အခန်းထဲဝင်လာတာလည်!"
ခွပ်!
ထိုလူမှာ နမ်ဂျွန်၏မျက်နှာကို ပိတ်ထိုးလိုက်တော့
နမ်ဂျွန်၏ဒေါသမှာထောင်းခနဲပင်။
အတောင်ပံ့အားပြန်သိမ်းပြီး
ထိုသူအားစတင်တိုက်ခိုက်တော့သည်။"ဟန်...ဟန်န..ရီ..ကယ်ပါ"
"သခင်!"
ထိုသူမှာသူ့အားစောင့်တွန်းပြီး
သူ့သခင်ဆိုသည့်လူနားသို့ချဥ်းကပ်သွားသည်။"ဂျောင်ကု! အသိစိတ်ဝင်စမ်း!"
ဟန်နရီမှာ ဂျောင်ကုအားဂုတ်မှကိုင်ပြီး နံရံသို့ပစ်ပေါက်လိုက်သည်။
သို့ပေမဲ့ ဂျောင်ကုမှာ မျက်လုံးသေများဖြင့်ထလာပြီး
နှုတ်ခမ်းထောင့်တွင်ပေနေသောသွေးများအားသုတ်ပြီး ထယ်ယောင်းရှိရာသို့ ပြန်ချဥ်းကပ်လာသည်။"ချိုတယ်..ထပ်လိုချင်တယ်!"
"သားငယ်!!"
နမ်ဂျွန်မှာဂျောင်ကု၏ လက်အားဆွဲထားကာ
ရင်ဘတ်အားကြည့်လိုက်သည်။
ကျိန်းသေပေါက်သူ၏သားပင်။
ရင်ဘတ်ပေါ်မှ လပုံစံအမှတ်အသားမှာသက်သေပင်။
နမ်ဂျွန်တို့၏ဂျွန်မျိုးရိုးအားလုံးမှာ ရှားပါးDemon Vampireမျိုးစိတ်များပင်။
သို့ကြောင့် သူတို့၏ရင်ဘတ်တွင် လပုံစံအမှတ်အသားမှာ သွေးသားပြည့်ဝလာသည့်အချိန်တွင် ပေါ်လာတတ်သည်။