<Unicode>
ဘာလိုလိုနှင့် ယွန်ဂီနှင့်ဂျောင်ကုခင်လာသည်မှာ
တစ်လပင်ပြည့်ခဲ့ပြီးပင်။
ယွန်ဂီဆိုသောကောင်မှာလည်းမခေပေ။
သူ့အိမ်ကိုနေ့တိုင်းနီးပါးလိုက်သွားပြီး
ဆရာဂျီမင်ကိုသွားချောင်းလေ့ရှိသည်။ဂျောင်ကုမှာတားသော်လည်းမရ။
ဆရာဂျီမင်မှ ဆရာဂျီမင်ဖြစ်နေသောသကောင့်သားကို
ပြောမရသည့်အဆုံးလွှတ်ထားလိုက်ရသည်။"ယွန်ဂီ မင်းဒီနေ့ငါ့အိမ်လိုက်မှာမလား"
"အော့..လိုက်မယ်လေ"
"ဒါဆိုသွားရအောင်လေ"
"ခဏစောင့် ငါယူစရာရှိတယ်"
"ဘာယူမလို့တုန်းကွ ဦးဦးဟန်နရီလာတော့မှာကို"
"ခဏပဲကွား ခဏပဲ"
ယွန်ဂီမှာ ပြေးထွက်သွားပြီး
ကျောင်းနောက်သို့ပြေးဝင်သွားသည်။
တွေ့ပါပြီး သူ၏အဖိုးတန်လေးကို
တစ်လအတွင်းသူစိုက်ထားခဲ့သည့်နှင်းဆီပင်လေး။
သူမှန်းထားသည့်အတိုင်းပင်
တစ်လပြည့်သောနေ့လေးတွင် တစ်ပွင့်ပွင့်လာသည်။
ထူးထူးခြားခြားအဖြူရောင်လေး။နှင်းဆီပင်ရှေ့ဒူးထောက်ချလိုက်ကာ
လွယ်အိတ်ထဲမှဓားအားထုတ်ကာ
အညာှမှ ခပ်ရှည်ရှည်လေးဖြတ်ပြီးပြန်လှည့်လာလိုက်သည်။
ပျော်ရွှင်မှုများကရင်ထဲအပြည့်ပင်။
ဒီပန်းကိုသူကြိုက်လောက်မှာသေချာသည်။"မင်ယွန်ဂီ.."
ကျောင်းအနောက်ဖက်ဖြစ်သောကြောင့်လူပြတ်သည်။
သူဒီအသံကိုသိသည်။
နှင်းဆီပန်းလေးကိုကိုင်ထားသောလက်အစုံမှာတင်းကြပ်သွားသည်။"အဟက်!
သွေးနဲ့ခြေဆေးတဲ့ကောင်က
နှင်းဆီတွေဘာတွေပျိုးလို့ပါလားကွ"လွယ်အိတ်မှစောင့်ဆွဲခံလိုက်ရသောကြောင့်
ယွန်ဂီမှာအနည်းငယ်ယိုင်သွားသည်။
ထုံးစံအတိုင်းပင်
အပေါင်းအပါများစွာဖြင့်။ထိုသောက်မြင်ကပ်စရာကောင်းသည့်ကောင်မှာပြသနာမဖြစ်ချင်လို့လှည့်ထွက်သွားမည်ပြင်တော့
လွယ်အိတ်မှနောက်တစ်ချက်စောင့်ဆွဲခံလိုက်ရသည်။