<Unicode>
"ယွန်ဂီ မြန်မြန်လာလေ"ဂျောင်ကုအသံကြောင့်
မျက်စိရှေ့မှအလှတရားလေးအား
နှမျောတသစွာဖြင့်အကြည့်လွှဲပြီး
ဂျောင်ကု၏အိမ့ထဲသို့ဝင်သွားလိုက်သည့်။"ကုကီလေးက သူငယ်ချင်းခေါ်လာပြီးလာ"
"ဟုတ်ကဲ့ဖေကြီး"
ထယ်ယောင်းမှာ ယွန်ဂီအားကြည့်ပြီး
လေးထောင့်အပြုံးလေးများဖြင့်
ပြုံးလိုက်လိုက်သည်။"ဖေကြီး သူက ကျွန်တော့်သူငယ်ချင်း
မင်ယွန်ဂီတဲ့""အာ..ကုကီသူငယ်ချင်းဆိုတော့
တွေ့ရတာဝမ်းသာတယ်ဗျို့"ယွန်ဂီမှာလူမှုရေးနားမလည်တာကြောင့်
ထယ်ယောင်းအားခေါင်းတစ်ချက်
ငြိတ်ပြပြီး အသိအမှတ်ပြုလိုက်သည်။"မင်းရှေ့ကလူက ငါ့ဖေကြီးလေယွန်ဂီ"
"အင်း..တွေ့ရတာဝမ်းသာပါတယ်ဦးဦး"
ထယ်ယောင်းတို့စကားပြောပြီး
တစ်အောင့်ခန့်ကြာတော့
ကျွန်တော့်၏အလှတရားငယ်လေးမှာ
ဧည့်ခန်းထဲသို့ရောက်လာသည်။ဂျီမင်လည်းယွန်ဂီငေးဝင်ထိုင်ပြီး
ဖက်လက်စစာအုပ်အားပိတ်ကာ
စားပွဲပေါ်သို့တင်လိုက်သည်။"ဦးဦးနမယ်က ပတ်ဂျီမင်သိလာ
မှတ်ထားနော်
မင်းကလူချောလေးပဲ"ယွန်ဂီ၏ခေါင်းအားပုတ်ကာ
မျက်လုံးများမှိတ်သည်အထိ
ရယ်ပြလာသောလူသားလေးကြောင့်
ကမ္ဘာကြီးခဏရပ်တံ့သွားသယောင်။"ဟု..ဟုတ်ကဲ့
ကျွန်တော်မ မင်ယွန်ဂီပါ"ဂျီမင်မှာခေါင်းအသာညိတ်လိုက်ပြီး
လက်အားပြန်ရုတ်လိုက်ကာ
ထယ်ယောင်းဘက်သို့မျက်နှာလှည့်လိုက်သည်။"ထယ်ယောင်း..
ငါပြန်တော့မယ်""ထမင်းမစားသွားတော့ဘူးလာ"
"မစားတော့ဘူး
ငါဖတ်စရာကုန်ပြီးမို့လို့
စာအုပ်ဆိုင်ခဏဝင်မလို့လေ
မိုးချုပ်သွားမှာလည်းကြောက်လို့""ကြောက်ရင် ကျွန်တော်လိုက်ပို့ပေးမယ်လေ"
ရုတ်တရက်စကားထပြောသောယွန်ဂီကြောင့်
အားလုံး၏အကြည့်မှာ
ယွန်ဂီထံသို့စုပြုံလာသည်။
ဂျီမင်မှာတော့ထုံးစံအတိုင်း
မျက်လုံးများမှိတ်သည်အထိပြုံးလိုက်သည်။