Vegas's POV
ငါ့လက်ထဲကခဲတံကိုငါ့အကျင့်အတိုင်းမလှုပ်မယှက်ထိုင်ကြည့်နေမိတယ်။အစည်းအဝေးစားပွဲဝိုင်းမှာထိုင်နေတဲ့သူတွေရဲ့ဆူညံသံတွေကိုငါဂရုမစိုက်ဘဲ ငါ့အာရုံကတခြားအရာတစ်ခုအပေါ်မှာဘဲအာရုံစိုက်နေမိတယ်
"သူအခုချိန်ဆိုဘာလုပ်နေလောက်မလဲ "
"သူဘယ်လိုမျက်နှာအမူအရာမျိုးလုပ်နေလောက်မလဲ "
"သူထမင်းကောစားပြီးပြီလား "
"ဒီနေ့သူထမင်းစားရတာအဆင်ပြေရဲ့လား "
"သူနိုးလာလို့ ငါ့ကိုမတွေ့ရင်သူဘယ်လောက်တောင်စိတ်အေးလက်အေးဖြစ်နေလိမ်ံလဲလို့ ငါတွေးနေမိတယ် "ဟီးဟီး.......khun tangkum ရဲ့ bodyguąrd ခေါင်ဆောင်ကပျော်စရာကောင်းလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။သူစိတ်ရူးပေါက်နေတဲ့အချိန်မျိုးဆိုသူက khun tangkum နဲ့တူတယ်။မတူတာက Pete ကကိုယ့်ကိုကိုယ်ပိုပြီးထိန်းထိန်းသိမ်းသိမ်းနားလည်သဘောပေါက်တဲ့ နှလုံးသားရှိပြီး သူကလုံးဝမပျော့ညံံ့ဘူး။
ငါဘယ်တော့မှစိတ်ဝင်စားမိမယ်လို့မထင်တဲ့လူတစ်ယောက်အပေါ်စိတ်ဝင်စားမှုရှိနေတာက ငါ့ကိုနည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်စေတယ်။Pete လိုလူမျိုးကဒီလောကမှာရှိနေလိမ့်မယ်လို့ငါမထင်မိဘူး။ဘာဘဲဖြစ်ဖြစ်သူငါ့အနားမှာရှိနေသ၍ငါ့အတွက်သာယာမှုကိုငါခံစားရတယ်။အဲ့တာကငါတို့နှစ်ယောက်ကြားမှာဘယ်လို conversation မျိုး ဘယ်လို body contact မျိုးမှမရှိတာတောင်မှ ငါအဲ့တာကိုမရှင်းပြနိုင်တာတောင်မှငါ့ဘဝမှာပထမဦးဆုံးအကြိမ်သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရခြင်းဘဲ။ငါငယ်ငယ်ထဲကငါ့မှာအမြဲစိတ်ဖီစီးမှုတွေရှိနေခဲ့တယ်။ငါ့အဖေနဲ့အတူရှိနေချိန်မျိုးဆိုငါစိတ်ပင်ပန်းလွန်းလို့ထွက်ပြေးချင်မိတဲ့အထိဘဲ။တခြားသူတွေနဲ့အတူရှိနေချိန်ကောဘာထူလဲ သူတို့ကငါ့အပေါ်တစ်ခုမဟုတ်တစ်ခုမျှော်လင့်နေကြတဲ့သူတွေကြီးဘဲ။လူတိုင်ကငါ့ဆီကမျှော်လင့်ထားတဲ့အလုပ်တွေ ရာထူးတွေ ဒါမှမဟုတ် ငါ့အပေါ်မှာအဲ့ထက်ပိုပြီးမျှော်လင့်နေကြတဲ့သူတွေရှိတာငါသိလိုက်ရတော့ ငါ့မှာငါ့ကိုယ်ပိုင် self-identity မရှိသလိုခံစားရတယ်။ဒီနေ့အထိငါကဘယ်လိုလူမျိုးလဲဆိုတာငါကိုယ်တိုင်တောင်မသိဘူး။

YOU ARE READING
My Heart A Battleground-Vegaspete special Chapter(MM translation)
Hayran Kurguမူရင်းဘာသာပြန်ဆိုသူက ဒီစာအုပ်နဲပတ့်သပ်တဲ့အကြောင်းအရာတွေက်ို public မှာတင်ခွင့်မပေးထားပါဘူး လုံးဝမတင်ပါနဲနော် ❌Instagram,twiter,tiktok,mydramalist,youtube မှာတွေပါ ဒီစာအုပ် link ကိုမ share ပါနဲ့လို့ပြောထားပါတယ် public နဲ့ဆက်စပ်နေတာတွေအားလုံးပါပါတယ်...