Part 6

719 115 11
                                    

Part 6

မီးအဝါရောင်အောက်က
ညစာစားပွဲတွင် ဟင်းပွဲများစည်ကားနေသည်။
ဒီကိုရောက်လာတဲ့ ၁ ပတ်ကျော်ကျော်အတွင်း
Chanyeol နဲ့jinwoo တို့နှစ်ယောက်လုံး
ဒေါ်လေး​၏ဟင်းချက်လက်ရာကို
အသားကျသွားကြပြီဖြစ်သည်။
jinwoo ကတော့ ဒီဥယျာဉ်တစ်ဝိုက်
စိုက်ခင်းတွေအဆုံး ဟိုးတောင်ပေါ်က
လူနေအိမ်တွေနဲ့ပါရင်းနှီးနေပြီ

Chanyeol အတွက်တော့ ဒီမှာနေရတဲ့
အခြေအနေက ခက်ခဲလွန်းသည်
​ညနေခင်းလောက် ခြံထဲဆင်းကာ
rosemary ပင်များ ခဏသွားကြည့်တာကလွဲလို့
ဒီဥယျာဉ်​၏အပြင်ဘက်ကို ခြေမချဖြစ်။

ငယ်ငယ်က Chanyeol သဘောကျခဲ့တဲ့
poppies ပန်းခင်းရှိရာကို
ဒေါ်လေး ရောက်အောင်ပို့ပေးခဲ့တာတောင်မှပဲ
အဲ့နေ့တစ်နေ့ကလွဲပြီး
နောက်နေ့တွေ ထပ်မသွားတော့ပါ။
အမြဲအိမ်ထဲမှာသာနေသည်။

ပန်းခင်းကြီးတွေ့ခဲ့လားဆိုတော့လည်း
အင်း တွေ့ခဲ့တယ် ဆိုတာလောက်ပဲ တုံ့ပြန်သည်။
စကားနည်းတာလား မသိပေမယ့်
ဒေါ်လေးဖြစ်သူနဲ့ဆို
တစ်ခွန်းနှစ်ခွန်းအပြင် ပိုမပြောတဲ့ပုံစံကြောင့်
အဒေါ်မှာလည်း အခြေအနေကြည့်ကာ
စကားပြောရသည်။

နောက်ပြီး မနက်ဖြန် ကျောင်းတတ်ရတော့မယ်
ဒီကလေးရဲ့ ဒီပုံစံနဲ့ ဒီလိုနေရာကကျောင်းတွေလွှတ်ဖို့ကလဲ ရင်တမမနဲ့ပါပဲ

" မနက်ဖြန် ကျောင်းသွားဖို့အတွက်
အကုန်အဆင်သင့်ဖြစ်ပြီလား"

chanyeol သည်
ဒေါ်လေး​၏မေးခွန်းကို ထမင်းစားနေရာမှ
ခေါင်းငြိမ့်ပြပြီးတုံ့ပြန်သည်

" ဟုတ် "

" ဒေါ်လေးက မနက်ဖြန်တစ်ရက်ပဲ လိုက်ပို့မှာ။
ကျောင်းပြောင်းတာအတွက်
အတန်းပိုင်နဲ့လည်းပြောစရာရှိတာ ပြောရအောင်
လမ်းကိုသေချာပြပေးထားမှာမို့လို့
နောက်နေ့တော့ ကိုယ့်ဟာကိုယ်စက်ဘီးနဲ့သွားပေါ့ "

"ကျောင်းက အရမ်းဝေးလား "

" အရမ်းမဝေးပါဘူး ဒီနေရာတွေက
နေလည်းသိပ်မပူတော့ ဝေးလည်း စက်ဘီးလေးနဲ့ဆို အေးအေးဆေးဆေးပဲ ဝေးတယ်လို့မထင်ရဘူး
မိုးတွင်းမို့လို့ မိုးကာတော့ဆောင်ရမယ်"

ROSEMARY Where stories live. Discover now