Unicode
"ဆရာတော်.... သူမလိမ်ညာနေတာပါ။ အဲ့ကျောက်စိမ်းဆံထိုးဆိုတဲ့ဟာက တပည့်တော်ကို ဣနြေ္ဒပျက်ပြားအောင်လုပ်နေတုန်း သူမရဲ့ခေါင်းပေါ်မှာရှင်းရှင်းလင်းလင်းကိုရှိနေပြီးသား!
သူမက ဆံထိုးနဲ့ တပည့်တော်ကိုခြိမ်းခြောက်ဖို့တောင်ကြံရွယ်နေသေးတယ်!"ကိုရင်ယိဟန်က မြန်မြန်ဆန်ဆန်ပဲ ဆင်ခြေပေးလိုက်သည်။ ဒါပေမဲ့ ဟွားချီယွဲ့ကလည်း ဒါကိုပဲစောင့်ဆိုင်းနေတာဖြစ်၏။
ဒါကြောင့် သူမ ရေလိုတည်ငြိမ်သော ဟန်ပန်နဲ့ စိတ်အေးသက်သာစွာ စကားထပြောလိုက်တော့သည်။
"ဆရာတော်ဟန်မင်, ကျောက်စိမ်းဆံထိုးက တပည့်တော်မ ဆီမှာရှိမနေပါဘူး။ ဆရာတော်မယုံဘူးဆိုရင် အမျိုးသမီးဘုရားဖူးတွေကိုခေါ်ပြီး တပည့်တော်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ရှာဖွေကြည့်လို့ရပါတယ်"
သူမရဲ့စကားတွေက ဟွားမုန့်ရှီးနဲ့လန်ကျူးကို မိုးကြိုးပစ်ချခံရသလို ကြောက်လန့်တုန်လှုပ်သွားစေသည်။
လန်ကျူးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ဟွားမုန့်ရှီးနားကိုကပ်ကာ စကားတိုးတိုးလေးပြောလိုက်၏။ ထိုအခါမွသာ ဟွားမုန့်ရှီးရဲ့ဖြူဆုတ်ဆုတ်မျက်နှာ နည်းနည်းစိတ်အေးသက်သာရာရသည့်ပုံပေါက်သွားသည်။
ဒီဘုရားကျောင်းမှာ ဆရာတော်ဟန်မင်က အကြီးအကဲတစ်ယောက်ဖြစ်တာကြောင့် ဟွားချီယွဲ့ရဲ့အကြေံပေးချက်ကို အနည်းဆုံးတော့လိုက်လုပ်ကြည့်သင့်သည်ဟု ဆုံးဖြတ်လိုက်၏။ ခုချိန်မှာ နှစ်ဖက်စလုံးက ပြိုင်ဆိုင်ငြင်းခုန်နေကြကာ ဘယ္သူကမွ အမှန်တရားကိုမသိကြပေ။
ဒါကြောင့် ဆရာတော်က လူအုပ်ထဲမှ ဘုရားဖူးအမျိုးသမီးတစ်ယောက်ကိုခေါ်ကာ ဟွားချီယွဲ့ရဲ့ ကိုယ်ပေါ်တွင် ဆံထိုးရှိမရှိရှာခိုင်းစေသည်။
ထိုချိန် အထိန်းတော်ယူရွှီးကလည်း ရေနွေးတစ်ခွက်ကိုင်ကာ ဝင်လာပြီး သူမစိတ်ထဲ တွေးပူစိတ်ကကြီးစိုးနေ၏။ သူမတို့ရဲ့မမလေးဟွားချီယွဲ့က အချိန်တိုင်းလိုလို သူတပါးမကောင်းကြံစည်တာကိုခံနေရသည်။ အကယ်၍ ဒီတစ်ခါလည်း အရင်အခေါက်တွေကလို ထပ်ကျရှုံးအုံးမယ်ဆိုရင်တော့ သူမကိုလက်ထပ်မဲ့လူ ရှိနိုင်ပါတော့မလား?။ မမလေးနေရာမှာ ယူရွှီးသာဆိုရင် ကိုယ့်ကိုကိုယ်သတ်သေမိလိမ့်မည်။ ဒါဆို ဒီလူတွေကလည်း မမလေးဟွားချီယွဲ့ကို သေစေချင်နေကြတာများလား?။

YOU ARE READING
General's Genius Daughter(MM translation)
Fiksi SejarahI don't own this story I just translate it ဇာတ်လမ်းအကျဥ်း ရုံချီယွဲ့ဆိုတဲ့အမျိုးသမီးက အမျိုးသားဖြစ်သူ ကျိုးကျိချန်းဆီကနေ ဖောက်ပြန်တာခံရပြီး အမြှောင်မယားဟွိုင်ကျန့်ရဲ့ လက်ချက်နဲ့ မချိမဆန့်သေဆုံးခဲ့ရတယ်။ ဒါပေမဲ့ ကံကြမ္မာက သူမကိုမျက်နှာသာပေးတဲ့အနေနဲ့...