LOTS - 0.5

340 41 3
                                    

[Unicode]

"‌ဒီနေရာမှာ...ငါ့ကိုအရှင်လို့ပဲခေါ်ရမယ်....ငါ့ရဲ့အရိပ်အောက်မှာပဲနေပါ...."

ရှောင်ကျန့်ခေါ်လာတဲ့အဆောင်ထဲရိပေါ်လှည့်ပတ်ကြည့်နေမိသည်။အဆောင်တော်အတွင်း အပြင်အဆင်တွေက တစ်ကယ့်ကိုအနုပညာလက်ရာမြောက်လှတဲ့အပြင်သက်သက်ရပ်ရပ်လေးနဲ့ နေချင်စဖွယ်လေးပင်။

"ကောင်းပြီလေ..."

"ငါ့မိဖုရားတွေနဲ့ မတွေ့မိအောင်နေပါ ဝမ်ရိပေါ်.....သူတို့ကမင်းကိုအလွှတ်ပေးမှာမဟုတ်ဘူး....ပြီးတော့..."

"အင်း"

ရှောင်ကျန့် စကားပြောဖို့ ခက်နေတာမို့လို့ ရိပေါ်စကားထောက်ပေးလိုက်တယ်။

"ငါ့အမိန့်မရဘဲ...အခန်းအပြင်ကို မထွက်နဲ့..."

ဒီစကားကိုတော့ရိပေါ် လက်မခံနိုင်ပါ။အခန်းအပြင်ကိုမထွက်ရရင် သူ့ကအပြင်မှာဘာတွေရှိလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ။

"ဘာလို့လဲ..."

ရိပေါ်ရဲ့အမေးကိုရှောင်ကျန့်ကပြန်မဖြေပေ။ရှောင်ကျန့်ကဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားတာမို့ ရိပေါ်ရှောင်ကျန့်ကို ပြေးဆွဲတော့သည်။

"ငါ့ဝတ်ရုံကို မထိနဲ့...!!"

ရှောင်ကျန့်အော်လိုက်တာမို့ ရိပေါ်လန့်ကာ ရှောင်ကျန့်ဝတ်ရုံကိုလွှတ်ချလိုက်မိသည်။ မိဘတွေဆီကတောင်တစ်ခါမှအအော်မခံရဖူးတာမို့ ရိပေါ်မျက်ရည်တွေတောင် ဝဲသွားရတယ်။

"ကျစ်...မငိုနဲ့...ငါကငိုတဲ့ကလေးတွေကို မချော့တက်ဘူး..."

ရိပေါ်သူကိုယ်တိုင်တောင် သတိမထားမိခင်မှာပဲ မျက်ရည်ကအလိုလိုကျသွားသည် ထင်တယ်။ရှောင်ကျန့်က မျက်နှာထားတင်းတင်းနဲ့စိတ်ပျက်သလိုပြောနေတာကြောင့် ရိပေါ်ကျသွားတဲ့မျက်ရည်တွေကို ကြမ်းတမ်းစွာ သုတ်လိုက်ပြီး....။

"ငိုတာမဟုတ်ဘူး...မျက်ရည်ကအလိုလိုကျသွားတာ..."

ရှောင်ကျန့်အခန်းပြင်ထွက်သွားတော့ ရိပေါ်ကုတင်ပေါ်ထိုင်ကာ ရှုံးပွဲချငိုမိတော့သည်။ဝတ္ထုဇာတ်လမ်းအရဆို ဒီအချိန်ဝမ်ရိပေါ်က အခန်းပြင်ထွက်ကာကြာကန်နားသွားပြီး ပလွေမှုတ်နေမှာဖြစ်ပေမယ့် သူကတော့အခန်းအပြင်ကို မထွက်နိုင်စွာပင် ငိုနေရင်းအိပ်ပျော်သွားတော့တယ်။

Lengend of the sky [Hiatus]Where stories live. Discover now