'မောင်~'
အခါခါခေါ်နေရသောငြား အခါခါထပ်ခေါ်ချင်ပါသော ထိုနာမ်စားအား ထိုလူသူတစ်ဦးထဲအတွက် ထိန်းသိမ်းထားပါသည်။
ဘယ်လိုသောလူတွေကို ဘယ်လိုပဲတွဲခဲ့တွဲခဲ့ ချစ်ခြင်းတရားများသည် မောင် ဆိုသော ထိုလူသားတစ်ဦးထဲအတွက်သာ ရည်စူးထားခဲ့ပါသည်။
ဒါကိုလည်း ထိုလူသားသိလိမ့်ပါမည်~
-IF-
'မောင် ခရီးထွက်ရမယ် ဂျွန်'
'အသိပေးတာ?'
'အွန်း အရန်ဟင်းတွေအကုန် ရေခဲသေတ္တာထဲရှိတယ် ဟင်းတွေကတော့ မနက်ဖြန် ညနေအထိ အစားခံမှာပါ နွေးတော့စားပေါ့
မောင်က ၄ ရက်လောက်ကြာမယ် ကျန်တဲ့နှစ်ရက်စာကို တခုခုလုပ်စားတာဖြစ်ဖြစ် ဝယ်စားတာဖြစ်ဖြစ်လုပ်လိုက်ပေါ့'အရင်က တခါမှ ခွဲမသွားဖူးတဲ့ လူလိုလုပ်နေပါသော မောင့်အား ကြည့်ပြီး ဂျွန်ရယ်ချင်လာလေပြီ..
လူကို ကလေးလို တစိမ့်စိမ့်တခုချင်းမှာနေပုံက ကိုယ်ကပဲ တခါမှ တစ်ယောက်ထဲမနေဖူးသလိုမောင် ဟာ တကယ်ကို ချစ်မွှေးလေးပင်~
'ဟေး ဂျွန် မောင်ပြောတာကြားလား'
'အင်းကြားတယ် ကိုယ့်ဘာသာ အဆင်ပြေသလို ကြည့်လုပ်လိုက်မယ် ကလေးမဟုတ်တော့ဖူးဗျ'
'တွေ့လား မင်းကအမြဲအဲ့လိုပဲ ပြောရင်နားမထောင်ဘူး ငါသွားပြီ'
'ဒီနေ့သွားမှာလား'
'ငါကလေးမဟုတ်တော့ဘူး လိုက်မေးမနေနဲ့'
ပြောပြီး ချိတ်စင်က longcoat ကို ဆွဲဝတ်ကာ အိတ်ကိုကောက်ကိုင်ပြီး ထွက်သွားပါသော မောင့်အား ဒီလူသားက သိပ်ချစ်မြတ်နိုးရပါသည်။
ဒါကို ကျွန်တော် မောင့်အား သိပ်ပြောဖြစ်မည်တော့မဟုတ်ပါ~
-IF-
'Hi Jeon!'
ထိုအသံကြားတာနဲ့ ဂျွန်ဂျောင်ကုတို့ မျက်ခုံးတန်းတွေတွန့်ကျိုးပြီး မျက်နှာပျက်သွားပုံများ ပြေးမကြည့်ပဲ တွေးကြည့်ရုံနဲ့တင်တောင် နောက်ကျနေမည်ဖြစ်သည်။