မောင်ဟာ ထွက်သွားသည့်နေ့မှစ၍ ယနေ့အထိတချက်မှအဆက်အသွယ်မလုပ်သလို အိမ်ကိုလည်းပြန်မလာခဲ့ပါ။
Hongdae ကိုလိုက်သွားရင်တွေ့မလားလို့ ကားကလေးနဲ့သွားခဲ့ပေမဲ့ မောင်နဲ့မဆုံ
ဆုံအောင်လည်း လိုက်ဖန်တီးဖို့နေနေသာ
မောင်နေတဲ့ အိမ်အထိရောက်ခဲ့သော်လည်း ကားပေါ်ကတချက်လေးတောင်ဆင်းခဲ့သူမဟုတ်။ဒီတော့ ကိုယ်နဲ့သူက ဘယ်နားမှာတွေ့နိုင်တော့မှာလဲ။
သို့သော် အမှန်တိုင်းပြောရင် မောင့်ကို ဂျွန်တအားလွမ်းနေပြီဖြစ်သည်။
ထွက်သွားတဲ့နေ့ကတည်းက နမ်းခဲ့ရတဲ့နောက်ဆုံးအနမ်းလေးဟာ အခုချိန်ထိထပ်မရတာမလို့ နှုတ်ခမ်းတွေဟာ ခြောက်သွေ့နေပြီ။
မောင်ချက်ကျွေးတဲ့ဟင်းတွေမစားရတာမလို့ ခန္ဓာကိုယ်အာဟာရတချို့ချို့ယွင်းနေပြီ။
မောင့်ကိုယ်လေးကိုမထွေးပွေ့ရတာကြာပြီမလို့ လက်ကလေးတွေတောင်အလုပ်မလုပ်ချင်တော့။
ဖေ့သားကလေးမှာလည်း မောင့်အထိအတွေ့လေးတွေကိုမျှော်လှပြီ။
တစ်လခွဲဆိုတာ မောင်နဲ့ရှိရင်မြန်သလောက် ခုတော့ ဆယ်နှစ်ခွဲနီးနီးကိုကြာနေပြီ။
ဖုန်းခေါ်ဖို့ကြပြန်တော့လည်း ကိုယ်ကတစ်ခါခေါ်လို့သူမကိုင်ရင်တောင် ထပ်မခေါ်ချင်တော့သူမလို့ တစ်ပတ်တစ်ခါသာခေါ်သည်။
ဒါကိုလည်းမောင်မကိုင်ပါ ..
မောင်ရေ လွမ်းတယ်လို့လည်း ပြောချင်စိတ်ကရင်ထဲမှာသာရှိသည်။
အပြင်မှာတွေ့ရင်တောင် ပြောဖြစ်မှာမဟုတ်။The truth untold ပေါ့ဗျာ။
'ဟေးး'
'မင်းအာရုံတွေဘယ်ရောက်နေတာလဲ မင်းနဲ့ဒိတ်နေတာတို့နော်'
'arr..sorry'
နိုနာမျက်ခုံးတွေက နည်းနည်းလေးတော့တွန့်ကျိုးနေပြီ။ သို့သော် ဘာမှဆက်မပြောဘဲ သူ့ရဲ့ steak ကိုသာအာရုံစိုက်နေသည်။
'ဒီတော့ နိုနာပြောတာကို ဘယ်လိုသဘောရလဲ'
'ah..sorry နိုနာ ဘာပြောတာလဲဆိုတာပြန်ပြောပါအုံး'