'မောင် ဒီရက်ပိုင်းအိမ်ပြန်မလာဖြစ်မှာ သေချာတာမလိူ့ ကောင်းကောင်းကျန်နေခဲ့ချည်'
'..'
'ပြီးတော့ အရန်ဟင်းတွေလည်း ဘာမှမပြင်ဆင်ခဲ့ဘူး'
'ကိုယ်ဝတ်တာတွေလည်းကိုယ်လျှော်ထား'
'အပြင်ကမှာစားပြီးရင် ကိုယ့်အမှိုက်ကိုရှင်း'
'ပြီးတော့ ဒီကိုလာအုံး'
'ဂျွန်!''မောင် ခေါ်နေတယ်လေ'
'..'
ဂျွန်ဟာ သေးသေးလေးမျှတောင်အဖတ်မလူပ်
ခန္ဓာကိုယ်ကြီးကြီးပြီး အသက်တွေသာကြီးလာသော ဂျွန်ဟာ လူရှေ့ဆို လူကြီးလုပ်နေသော်ငြား နှစ်ကိုယ်ကြားရှိချိန်တွင်တော့ ပိစိသေးစိကိစ္စကအစ သူသဘောမတွေ့လျှင်စိတ်ကောက်တတ်သော ကလေးဆိုးပါပင်။ဘာတွေကိုများ အစအနချည်ပြီး စိတ်ကူးသွားတာလည်းတော့ သေချာ မစဉ်းစားတတ်ပါ။
သို့သော် စိတ်ကောက်နေတာ 150% သေချာပါသည်။'ခေါ်နေတာကို မလာလည်းနေပေါ့
မှာစရာရှိတာမှာပြီးလို့ ပေးစရာရှိတာပေးမလို့ကို မယူချင်လည်းနေ'ဒီလောက်ပြောရင် ကိုယ်ဘာပေးမလဲဆိုတာ သူသိပြီမလို့
သူလှည့်လည်မှာအသေအချာ။1
2
3သုံးစက္ကန့်သာကာလအတွင်း လှည့်လည်ပါသော ဂျွန်သည် အနားကို တစ်ခဏအတွင်းရောက်လာသည်။
မွှေ့ယာပေါ်က ကျွန့်တော်ဘေးလွတ်နေတဲ့နေရာကို အိန္ဒြေရရလေးဝင်ထိုင်သည်။
ဒါတောင် ဂျွန်ချိတ်ပေါင်းတို့ ရိုးရာမပျက် မသိချင်ယောင်ကဆောင်နေသည်။
ဆိုလိုချင်တာက ပေးတာပဲယူမှာ စိတ်ကောက်တော့မပြေသေးပါဘူးပေါ့။
'အဟွန့်'
2 mins လောက်ထိ ဘေးမှမပြောဘဲ ဆက်ထိုင်နေတော့ ဘေးက ဂျွန်ချိတ်ပေါင်းလေးက နေမသိထိုင်မသာ ဖြစ်လာလို့ထင်။ ချောင်းထဟန့်သသည်။
'ပေးစရာရှိတာမပေးခင် ပြောစရာရှိတာနည်းနည်းကျန်သေးလိူ့ဆက်ပြောမယ် သေချာနားထောင်'
'အော် wait သေချာနားမထောင်ရင် ပေးစရာကိုလည်းမပေးဘူးနော်'
နောက်ဆုံးစကားပြောအပြီးမှာ ဂျွန်ချိတ်ပေါင်း နှာခေါင်းရှုံသွားခဲ့ပါသည်။