'မောင်'
'အွန်း'
ခေါ်လိုက်တော့ အပြင်သွားဖို့ အိတ်ထဲ ပစ္စည်းတွေထည့်နေတဲ့မောင်ဟာ အိတ်ထဲထည့်လျက်ပင် ပြန်ထူးသည်။
'ဒီနေ့ မိတ်ဆက်ပေးစရာလူရှိတယ်'
'နာမည်ရယ် အလုပ်အကိုင်ရယ် တွေ့မဲ့နေရာရယ်ပြော'
အကြည့်တွေကို အိတ်ထဲထည့်တဲ့ဆီကနေတချက်မှမလွှဲပဲပြောလာသည်။
'ကန်ဆယ်ဟီးတဲ့ SH company က ဒုဥက္ကဌ တွေ့မှာက Byual hotel'
'SH? Byual? Wow!'
တစ်ယောက်ထဲ ပြောပြီး တစ်ယောက်ထဲ လက်ခုပ်တွေထတီးပါသော မောင်~
'Congratulations Jeon ဒီတစ်ယောက်အပေါ်သေချာတွဲ'
ပြောပြီး အိတ်ကို ယူကာ ထထွက်သွားပါသော မောင်..
'ဂျောက်'
တံခါးမကြီးကိုတောင်ဖွင့်ကာထွက်သွားခဲ့ပြီ။
မောင်ကအမြဲအဲ့လိုပဲ အရင်ထွက်သွားတတ်သူ~
ကျွန်တော်တို့နှစ်ယောက်အချစ်ရေးမှာတော့ အရင်မထွက်သွားဘူးမလား~
-IF-
'တွေ့ရတာဝမ်းသာပါတယ် ကင်ဆော့ဂျင်ပါ Moon လို့သိမယ်ထင်တယ်'
'ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ် တစ်ခါလောက်တော့တွေ့ဖူးချင်နေတာ နောက်ဆုံးတော့ အခုလို ပြန်တွေ့ရပြီပဲ'
အရှေ့က ကောင်လေးကိုကြည့်ရတာ ကျွန်တော့်ကိုတွေ့ရလို့ သိပ်ဝမ်းသာနေပုံပင်~
သို့ပင်ငြား မျက်ဝန်းအိမ်ထဲ အရည်ကြည်တချို့ဝိုင်းနေသလားပင်~
အမြင်မှားတာဖြစ်ပါလိမ့်မည်။
ဘာမဆိုင် ညာမဆိုင် အိမ်ကဂျွန့်ကိုသတိရမိသား..
'ဟိုလေ ဘယ်လိုလို့ခေါ်ရမလဲဟင်'
'ဘယ်လိုခေါ်ချင်လဲမသိဖူးဗျ'
'Arr..ဒီက ပြောပါဗျ'
'မဟုတ်တာ အဆင်ပြေသလိုခေါ်လို့ရတာမလို့ ကြိုက်တာသာခေါ်ပါ'
'ဒါဆို ဆော့ဂျင် hyung လို့ခေါ်မယ်ရတယ်မလား'
'ဒါပေါ့ဗျ'