'အခုဆိုရင် moon ဆိုတဲ့ ကလောင်နာမည်ပိုင်ရှင်ကင်ဆော့ဂျင်က အမျိုးသမီးတစ်ယောက်နဲ့တွဲနေတယ်လို့ သတင်းထွက်နေတာဖြစ်ပြီး ထိုအမျိုးသမီးက ဘယ်သူဖြစ်တယ်ဆိုတာကိုအားလုံးကခန့်မှန်းနေကြပါတယ်'
Remote ကိုကောက်ကိုင်ပြီး နောက်တလိုင်းကိုချိန်းလိုက်သည်။
'Moon ကလောင်ပိုင်ရှင်စာရေးဆရာ ကင်ဆော့ဂျင်ကို အမျိုးသမီးတစ်ဦးနဲ့ တွဲတွေ့လိုက်ရပါတယ် date လုပ်နေတာ..'
စိတ်တွေလည်းမရှည်တော့တာ မလို့ နောက်တလိုင်းထပ်ချိန်းမိသည်။
'ကင်ဆော့ဂျင်နဲ့တူတူ..'
တော်ပြီ TV power ခလုတ်ကိုပိတ်လိုက်ပြီ။
မနက်ထဲကတက်နေတဲ့ ဒီ scandal တွေက ခုတစ်နေကုန်တော့မယ် မပြီးနိုင်မစီးနိုင်။မောင့် ကို မိန်းမတစ်ယောက်နဲ့ တွဲတွေ့တာလေးကို ထင်ချင်ရာတွေထင်နေကြတဲ့လူတွေက တကယ်ပါပဲ။
ကိုယ်လိုရာသိပ်ဆွဲတွေးတာပဲ..မောင့်လို မိန်းမတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေတတ်တဲ့လူက လူကြားထဲ မိန်းမတစ်ယောက်နဲ့ စကားရပ်ပြောလိုက်ရင် ဒါဟာ သူတို့အတွက် dating new ဖြစ်သွားပြီ။
တောင်ကိုရီးယားရဲ့ social media တိုင်းက search list တွေမှာ #1 ရတတ်တဲ့ သတင်းမျိုးမလို့
မောင့်ကိုဆို media တွေကသိပ်စိတ်ဝင်စားသည်။မောင်ရဲ့နာမည်ကြီးမှု စာအုပ်ရောင်းအား ရုပ်ရည်
လူတွေနဲ့ကင်းကင်းရှင်းရှင်းနေတတ်မှု တွေက မောင့်ကို သတင်းသမားတွေစိတ်အဝင်စားစေဆုံး အချက်တွေ ဖြစ်လောက်သည်။တောင်ကိုရီးယားမှာ လူမသိစေချင်သော ကိစ္စကြီးတွေ မီဒီယာကို ပေါက်ကြားသွားခဲ့ရင် cover လုပ်ဖို့ သတင်းဖြန့်ရတဲ့လူတွေထဲမှာ မောင်လည်းပါဝင်သည်။
ဒီလို မောင့်ကို ကျားချောင်းချောင်းနေပါသော သတင်းသမားတွေဟာ မောင်နဲ့ ကျွန်တော့် ချစ်ပုစ္ဆာကို မရိပ်မိကြသည်ကို တွေးမိလျှင် တခါတလေတော့ရယ်ဖြစ်သည်။
သူတို့ကပဲ တုံးတာလား?
ကိုယ်တွေကပဲ တော်တာလား?တစ်ခုခုတော့ တစ်ခုခုပါလေ
တစ်ခုခုမဟုတ်လည်း နှစ်ခုခုပေါ့