'ကင်မ်ဆော့ဂျင် ဟုတ်တယ်နော်'
လွန်ခဲ့တဲ့မိနစ်အနည်းငယ်ထဲက အခန်းထဲရောက်လာသူက အခုမှသာစကားကစလာသည်။
'ဟုတ်ပါတယ်'
ဆော့ဂျင် အတည်ပြုစကားဆိုလိုက်တော့ ထိုသူကခေါင်းတစ်ချက်ငြိမ့်ကာ ဆော့ဂျင်နဲ့မျက်နှာချင်းဆိုင်ကထိုင်ခုံမှာဝင်ထိုင်သည်။
အခန်းထဲမှာ video ရိုက်ကူးနေတဲ့ camera တွေရှိတယ်။အသံဖမ်းနေတဲ့စက်ပစ္စည်းတွေရှိတယ်။လူကတော့ ဆော့ဂျင်နဲ့သူ့ရှေ့ထိုင်နေတဲ့ agent တစ်ဦးသာရှိသည်။
မနေ့ညကဖြစ်ခဲ့တဲ့လူသတ်မှုကတရားခံနဲ့ ကိုယ်လမ်းမှာဝင်တိုက်မိခဲ့တြဲသူနဲ့ကထပ်တူကျနေသည်ကို CCTV မှတ်တမ်းအရတွေ့ရှိခဲ့သည်မလို့ ဆော့ဂျင်ဟာ လူသတ်မှုတရားခံနဲ့အနီးကပ်ဆုံးထိတွေ့ခဲ့ရသူဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲဌာနရဲ့စစ်ဆေးခြင်းခံနေရတာလည်းဖြစ်သည်။
'Agent Jung Hoseok ပါ'
သူ့ကိုယ်သူမိတ်ဆက်က card ပေးလာတဲ့အခါ ဆော့ဂျင်ထို card ကို တချက်ကြည့်ပြီးအိတ်ဆောင်ထဲထည့်ထားလိုက်သည်။
မနေ့ညက ယောင်းဆူပြောနေတဲ့ agent Jung ဆိုတာသူဖြစ်မည်ထင်။
'ကျွန်တော်တို့ ကင်မ်ဆော့ဂျင်shi ကိုဒီခေါ်ထားရတဲ့အကြောင်းအရင်းကိုသိမယ်ထင်ပါတယ်'
'ဟုတ်ကဲ့သိပါတယ်'
ဆော့ဂျင်ရဲ့စကားအဆုံးမှာ agent Jung ဆိုသူဟာ ခုံကိုရှေ့တိုးလိုက်သည်။
'ကင်မ်ဆော့ဂျင်တွေ့ခဲ့တဲ့သူရဲ့ပုံစံလေးကိုပြောပြပေးနိုင်မလားဗျ'
မေးခွန်းအဆုံးမှာ ဆော့ဂျင်ခေတ္တတွေဝေသွားသည်။
သူတွေ့ခဲ့တဲ့သူရဲ့ပုံစံ?
'အင်း ကျွန်တော်နဲ့ကဝင်တိုက်မိခဲ့တာမှန်ပေမဲ့ အဲ့အချိန်မှာကျွန်တော်ကလည်း ဖုန်းပြောနေခဲ့တာ ပြီးတော့အဲ့လူကလည်း ဦးထုပ်ကိုခပ်ငိုက်ငိုက်စောင်းထားတာမလို့မျက်နှာကိုတော့ သေချာမမြင်လိုက်ရဘူး'
'တစ်ခုခုထူးထူးဆန်းဆန်းမှတ်မိတာမျိုးကောရှိလားဗျ'
'အာ..သူ့လက်ထဲမှာ ခပ်လက်လက်လေးတစ်ခုတော့ကိုင်ထားတယ် ဘာမှန်းမသိပေမဲ့ reflect ဖြစ်သလိုမျိုးတော့ဖြစ်နေတယ်'