.''ဆေးလိပ်တွေချ! အချိန်ကပ်နေပြီမဟုတ်လား ဂျေကေ''
ငြိမ်ကုတ်နေတဲ့ ဂျေကေဟာတိတ်ဆိတ်နေပြီး အခန်းထဲတွင် စီးကရက်စုတ်ဖွာလိုက်တိုင်း ဆေးလိပ်မီးစွဲနေတဲ့အသံပင် ဒီ့ထက်ပိုမကြားရ။ သူဘာတွေးနေလဲမသိသော်ညား သူအတွေးထဲနစ်မွန်းနေပြန်တာတော့ နမ်ဂျွန်သိသည်။ ဘယ်နည်းဘယ်ဟန်နှင့်ကိုင်တွယ်ရမည်ဆိုတာ သိသူပီပီလေသံပျော့ဖြင့်စတင်လိုက်၏။ သို့သော်သိပ်တောင်မကြာလိုက် ဂျေကေက မှိုင်းတိုင်းတိုင်းမျက်လုံးတွေနဲ့ လေးလေးပင်ပင်ထလိုက်လာသည်။ ဒါသည်ပင်အခြေအနေကောင်းသည်ဟု ယူဆရမည်။ ဂျေကေရဲ့ဖောက်လွဲဖောက်ပြန် စိတ်အခြေအနေက အဆမတန်ပင်မဟုတ်လား။ငွေကြေးအကုန်ခံရကျိုးတော့နပ်ပါ၏။
သစ်လွင်သည့် ဝတ်စုံဖြူက ဂျေကေ့ကိုယ်ပေါ်လိုက်ဖက်စွာရှိနေပြီး မလိုက်ဖက်သည်က သည်နေ့ဂျေကေ့ရဲ့စိတ်အခြေအနေတွေသာဖြစ်လိမ့်မည်။
ဂျေကေကိုယ်ပေါ်က ကွက်တိကျနေတဲ့ဝတ်စုံတွေဟာ ခန့်မှန်း၍ပင်တောင်မရလောက်တဲ့တန်ဖိုးကြီးပစ္စည်းတွေသာအကောင်းဆုံးသုံးစွဲထားပြီး ဝတ်စုံဖြူသည် ကျစ်လျစ်လှပတဲ့ကိုယ်တွင် လိုက်လျောညီထွေရှိနေသေး၏။ လိုက်လျောညီထွေမရှိသည်က ကွာဟနေသည့်အဆင့်အတန်းတစ်ခု။ကင်မ်နမ်ဂျွန်တို့က မည်မျှပင်အရှိန်အဝါကြီးကြီးဆိုပေမယ့် ဂျေကေဆိုတဲ့အဖုအထစ်ကတော့ အသိုင်းအဝိုင်းကြီးထဲပြောစမှတ်ဖြစ်ခဲ့သေးသည်။ ဒါတွေကိုပင် ငွေနဲ့ပိတ်ဖို့ထားပြီး အခြေအနေတစ်ခုအနေဖြင့် မင်္ဂလာပွဲကို ထိုက်ထိုက်တန်တန်ကျင်းပလိုက်သေးသည်။
အိမ်တော်ကြီးသည် ဂျေကေအကြိုက်ဆုံးအဖြူရောင်တွေနဲ့ ဟိန့်ဟန်ရှိရှိပြောင်းလဲထားပြီး ဂျေကေလက်ညိုးညွှန်ရာ ရွှေလုပ်ပေးပစ်နိုင်သည့် လန်ဒန်က အထင်ကရသူဌေးအနွယ်ဝင်တွင် နမ်ဂျွန်ပါသည်မို့ ဂျေကေစိတ်ကူးသမျှ ပုံဖော်ပေးနိုင်သည်။
လက်ထပ်ပွဲသည် စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းတွေသည်ပင်များပြားပြီး နမ်ဂျွန့်အသိမိတ်ဆွေဆိုလို့ ဂျောင်ဟိုဆော့ဆိုတဲ့လန်ဒန်တက္ကသိုလ်က သာမာန်ကျောင်းဆရာတစ်ယောက်သာပါလိမ့်မည်ထင်၏။ ထိုမျှလောက်ပင်နမ်ဂျွန်ဟာမျိုးရိုးမြင့်မြင့်က။ လိုချင်ရင်အမျိုးသမီးနုနုရွရွလှလှပပ သူဌေးသမီးပေါင်းများစွာကြားထဲက
အလုပ်သမားဆင်းရဲသားရဲ့သားတစ်ယောက်ကိုမှ တမ်းတမ်းစွဲဖြစ်သွားရတာကလည်း အသိုင်းအဝိုင်းမှာတော့ကဲ့ရဲ့စရာဖြစ်ခဲ့ပါသေးသည်။ ဒါကလည်းကွယ်ရာပါပဲ ရှေ့တင်တော့နမ်ဂျွန်တို့မိသားစုကိုမော်၍ပင်မကြည့်ရဲ ဟန်ဆောင်ကောင်းကောင်းနှင့်မျက်နှာနှစ်ဖက်လူကအများသားကိုး။
YOU ARE READING
Mr.Paul Park
Fanfictionစောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1) စောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1)