fool

62 5 12
                                    

အရူးတဲ့...။

ig accမှာ သူတင်ထားတဲ့ သူငယ်ချင်းတစ်စုနဲ့ရိုက်ထားတဲ့ပုံအောက်လာမန့်လိုက်တဲ့ စာတစ်ကြောင်းကြောင့် ပြာတက်သွားရတယ်။

စိတ်ဝင်စားလို့ဆက်ဖတ်ကြည့်လိုက်တော့
ငွေနဲ့အသိမ်းခံနေတဲ့ကောင်တဲ့။

ဒါတော့လက်ခံနိုင်ပါတယ်
တကယ်လည်းသူ့ကို ဂျွန်ကိုယ်တိုင်ငွေနဲ့လာဝယ်သွားခဲ့တာပဲကို။

ဆက်ဖတ်ကြည့်လိုက်တော့
မိုက်တယ် လှတယ် ချောတယ် နမ်းချင်တယ် သရုပ်ဆောင်လုပ်ပါ့လား
ဒီလိုကောမန့်တွေကြောင့် တခစ်ခစ်ရယ်လိုက်ရသေးတယ်။

ဒီလိုမန့်တွေမျိုးဂျွန်ဝင်စစ်လို့တွေ့ရင် တင်ထားတဲ့ပုံတွေပါ အကုန်ဖျက်ပစ်တတ်တာမျိုးမို့ ပုံတင်ပြီး ခနတော့သူကောမန့်လေးဝင်ဖတ်ဖြစ်တယ်။

ပုံမှန်အကောင့်လေးတစ်ခုကနေ kim groupလုပ်ငန်းစုက သားနဲ့ လက်ထပ်ပြီးကတည်းက တစ်ရက်တစ်မနက်နဲ့ထိုးတက်လာတဲ့ဖော်လိုဝါတွေက အခုဆို သန်း၅၀ ကျော်ဖြစ်သွားတဲ့အထိ celebrityတွေနဲ့တန်းတူ ဂျေကေဆိုတာလည်း လူစိတ်ဝင်စားမှု့အများဆုံးပဲ။

တက်တူးပုံလေးတင်လိုက်ရင်တောင် millionနဲ့ချီlikeတွေတက်လာတတ်တဲ့အထိ
သူဘာလုပ်လုပ်လည်း လူတွေကစိတ်ဝင်စားကြတယ်။

ဒါကိုလည်းပဲသူလိုချင်တာနေမယ်။
သူပျော်နေတယ် ။ သူအလိုလိုက်ခံနေရတယ် ။
သူ သူဌေးသားတွေလိုနေထိုင်နေရတယ် ။
သူသုံးနေဖြုန်းနေရတယ်ဆိုတာ အိမ်ကို သူဒီလိုလေးသုံးပေးရင်းအသိပေးနေရုံလေးပဲ။ တိုက်ရိုက်ပြောခွင့်မရတဲ့စကားတွေတော့ နေပါစေတော့။

ဂျွန်ကသိပ်ဆိုးတယ်။ မိဘ မောင်နှမတောင် ချစ်လို့မရအောင်ထိခြားထားတဲ့စည်းတွေနဲ့သိပ်ကြောက်စရာကောင်းတယ်။

သူများတွေအပေါ် ​ပါးချိုင့်လေးနဲ့ပြုံးနေတတ်ပေမယ့် သူနဲ့ဆိုရင်တော့ မီးတောက်နေတဲ့မျက်လုံးနဲ့ပဲ ဘာလုပ်နေလဲ...ဘာလုပ်တော့မှာလဲ...ဘာလုပ်နေပြန်တာလဲ အဲ့ဒီ့စိတ်နဲ့ပဲ
တစ်ချိန်လုံးပူလောင်နေတဲ့အပူကောင်မျိုး။

မျိုးနဲ့ရိုးနဲ့လားလို့ထင်မှတ်စရာကောင်းပေမယ့် မေမေကြီးနဲ့လားလားမျှမဆိုင် သူ့အဖေဆိုစာပေသမား ဒီလိုမိသားစုကမွေးဖွားလာတဲ့ကောင်ကျ စိတ္တဇကောင်လိုလိုထွက်လာတယ်။

Mr.Paul ParkWhere stories live. Discover now