စနေနေ့မို့တက်ကြွနေသည်။
ကျောင်းဆရာဆိုတော့ စနေ တနင်္ဂနွေဆိုတာ ရွှေလိုပါပဲ။အပိုငွေရအောင်ထပ်သင်ပေးတဲ့ အတန်းချိန်နှစ်ချိန်လောက်ရှိရုံကလွဲ တစ်နေ့လုံးအားသည်။ ဒါကလည်းonlineကနေပဲသင်ပေးတာဆိုတော့ အပြည့်အဝကိုသူနားလို့ရသည်။ပုံမှန်ဆို စာအုပ်ကြီးအတိုင်း မျက်နှာသစ် ပေါင်မုန့်မီးကင်နှစ်ချပ်လောက်နဲ့ သတင်းစာထိုင်ဖတ်တတ်ပေမယ့် အခုကျမတူတော့ဘူးလေ။ ရည်းစားလေးလည်းရှိလာပြီမို့ မိုးလင်းတာနဲ့ ဖုန်းစကိုင်ပြီး IG Accအရင်ဝင်စစ်နေရပြီ။
ဘာစာမှ အကြောင်းမပြန် ထားပုံရသေးတော့ ရည်းစားလေးအလုပ်ရှုပ်နေတာနေမယ်လို့ထင်လိုက်သော်လည်း သူဌေးသားကတော့ IGမှာစာချုပ်စာတမ်းအောင်မြင်မှု့တွေ ဟိုဟိုဒီဒီရှု့ခင်းတွေအပြင် မီဒီယာတစ်ခုက သူ့အကြောင်းရေးထားတာကိုပါ ig storyမှာတင်ထားလိုက်သေးသည်။
ဒီတော့သူနည်းနည်းတော့ကောက်ချင်လာပြီ။
''မောနင်း...သူဌေးပါ့ခ်''
''ဘယ်အချိန်ရှိနေပြီလဲ...ငါတောင် အလုပ်သွားဖို့ပြင်ဆင်နေပြီ ခင်ဗျားကခုမှနိုးတာလား''
''စနေဆိုတော့ကိုယ်ကအားတယ်လေ...ဂျီမင်းရောဒီနေ့မအားဘူးလား...''
''ကြံကြံဖန်ဖန်...လခစားကျောင်းဆရာနဲ့များလာနှိုင်းလို့... ငါ့မှာစနေလည်းမရှိဘူး တနင်္ဂနွေလည်းမရှိဘူး... အခုလည်း အစည်းအဝေးအလုအယက်ပြေးတက်ပြီးတာနဲ့ စက်ရုံဘက်သွားစစ်ရဦးမှာ...မအားဘူး''
မောက်မောက်မာမာလေး ဝံ့ကြွားပြတဲ့အခါ ဟိုဆော့တစ်ယောက်သဘောကျပြီးရင်းကျနေသလို အသံလေးတွေပါထွက်အောင်ရယ်သည်။
ရင်ခုန်ရာလေးဟာ သိပ်မောက်မောက်မာမာနဲ့အထက်စီးဆန်ဆန်စကာတွေပြောတိုင်း အရင်လိုခံစားနေမှာတော့မဟုတ် လိုက်ဖက်လွန်းလို့ဆိုပြီး ပိုပြီးတောင်မြှောက်စားပေးလိုက်ဦးမှာ။
''သူဌေး...ဒါလေး...''
ဖုန်းပြောနေသည့်သူဌေးပါ့ခ်ကိုအလုပ်သမားများကသတိကြီးစွာစောင့်နေကြရသည်။
လေသံခပ်တိုးတိုးလေးနဲ့
အညိုနုရောင် DIORအမှတ်တံဆိပ်နဲ့ ခေါင်းစခြေအဆုံးမွန်းမံဖို့ ဝန်ထမ်းတစ်ယောက်က ရွေးခြယ်ပြလိုက်သည်ကိုပင် မကြိုက်သည့်ဟန် မျက်ခုံးကျုံ့တော့ ထိုဝန်ထမ်းအဝတ်လဲခန်းထဲခပ်သုတ်သုတ်ပြန်ဝင်သွားရပြန်သည်။
YOU ARE READING
Mr.Paul Park
Fanfictionစောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1) စောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1)