.
.
."ဒီမှာ...ကျွန်တော်လည်း ခေတ်ပညာတက်တစ်ယောက်ပါ... ကျောင်းဆရာအလုပ်တစ်ခုနဲ့အဆင့်ရှိရှိနေတဲ့ လူပါပဲ...တန်လို့ဆိုတဲ့စကားကတော့မဟုတ်သေးပါဘူး...''
မာန်တက်နေလို့ရတဲ့အရွယ်တစ်ခုကြောင့်လား ဒါမှမဟုတ် ငွေဂုဏ်မောက်နေတဲ့စိတ်တစ်ခုကြောင့်လား ဒီယောက်ျားသားကတော့ အတော်ပင် ခက်ခက်လေးရယ်ပါ။
မိတ်ဖြစ်ဆွေဖြစ် နှုတ်ဆက်လိုက်တဲ့သဘောကို တူလို့လားတန်လို့လားဆိုတဲ့ စကားလုံးက သူ့အတွက် ပြင်ပေးချင်စရာစိတ်ခုမှု့မျိုးလေး။
သူ ပြောလိုက်တိုင်း သူ့ဘက်ကိုစောင်းပြီးလှမ်းလှမ်းကြည့်တက်တဲ့ မျက်လုံးတွေက တင်းမာနေတာထက် မာန်အပြည့်နဲ့ယုံကြည်မှု့အပြည့်နဲ့။ အရှိန်အဝါတွေဆိုတာဒါတွေ ဒါတွေပါလို့ သူ့အားပြနေသလိုပါ။
''ကျောင်းဆရာဆိုတာ နာရီနှစ်ဆယ်လောက်ကုန်းရုန်းရှာမှ လခလေးလောက်ငှရုံအလုပ်မဟုတ်လား...
ဘာတွေများအထင်ကြီးစရာရှိနေလို့လဲ''မပြီးမစီးနိုင် နာလုံးပေါက်နေတဲ့ ဒီလူအားတစ်ချက်ကြည့်ပြီးသူလှောင်လိုက်သည်။
သူ့အတွက် အထင်ကြီးစရာရှိမနေတဲ့လုပ်ငန်းဆောင်တာတွေကို ဟန်ဆောင်ပြီး ''တော်လိုက်တာ''လို့သူပြောမနေနိုင်ပါ။
သူဆိုတာ ပါ့ခ်ဂရုရဲ့ဘောစ့်...
သူ့ကိုလက်လှမ်းမှီဖို့မပြောနဲ့ သူနဲ့ယှဥ်ပြီးပြိုင်ခဲ့တဲ့ companyတွေကိုတောင် သူ့လက်အောက်ရောက် အောင်ဖြိုလှဲခဲ့တဲ့သူမျိုးမို့ ပညာလေးတက်ရုံ အလုပ်လေးတစ်ခုရှိရုံ ဒီလိုအခြေအနေတွေကို သူကလက်ခုတ်တီးပေးနေရလောက်အောင်အားမနေ။''နာရီနှစ်ဆယ်လောက်ကုန်းရုန်းရှာနေတာ ကျွန်တော်မဟုတ်ဘဲ ဒီဘက်ကဆိုတာရော သတိထားမိရဲ့လား...ထမင်းတောင်ဖြောင့်အောင်မစားနိုင်ဘဲ အလုပ်ဝန်ပိနေတာလေ...''
''တောက်! ငါ့အလုပ်အကြောင်း ခင်ဗျားလိုလူကဘာသိနေမှာမို့လို့လဲ... အဆင့်အတန်းမရှိလိုက်တာများ...သူများစကားပြောနေတာတွေကိုခိုးနားထောင်နေခဲ့တာလား! ဒါဘယ်လိုလေးစားမှု့မရှိတာမျိုးလဲ''
''အခုဒီကအခြေအနေက ကျွန်တော်ငှားထားတဲ့ တက္ကစီကို တစ်စီးတည်းမျှစီးနေရတဲ့အခြေအနေပါ...ဒီဘက်က ကိုယ့်ကားမှာပြောသလိုပြောလို့ရနိုင်တဲ့အခြေအနေမှမဟုတ်တာ...အကုန်ကြားနေနိုင်တာပဲလေ''
YOU ARE READING
Mr.Paul Park
Fanfictionစောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1) စောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1)