ကျိန်စာတွေဟာ...

100 9 108
                                    


ခြေလှမ်းတိုင်းက လေးပင်လာတယ်
အိမ်တော်နားရောက်လာလေလေ အရင်လိုဆီးကြိုနေမယ့် မားမရှိတော့သလို ဘယ်အလုပ်သမားမှလည်းမရှိခဲ့တော့ဘူး။

အရင်လိုဘွဲ့ထူးဂုဏ်ထူးအပြည့်နဲ့ ဆာဂျွန်နသန်ဆိုတဲ့အသံတွေဟာလည်း လိင်တူချစ်ကြိုက်ပြီးလက်ထပ်ပေါင်းသင်းလိုက်တဲ့အပေါ်မှာ စုန်းစုန်းမြုပ်ကုန်တာကြာခဲ့ပြီ။

သူ့အိမ်တော်တွေ သူ့ဂုဏ်ထူးရာထူးတံဆိပ်တွေပါအကုန်အသိမ်းခံလိုက်ရတဲ့အခါ အရှိုင့်တည့်တည့်ထိုးနှပ်ခဲ့သလို ပြိုလဲခဲ့ရတယ်။

တစ်နေ့ထက်တစ်နေ့တစ်နှစ်ထပ်တစ်နှစ် ကြာလာတဲ့အခါ ဆွဲယူသိမ်းဆည်းထားရတဲ့ ပူဆွေးမှု့တွေများလာခဲ့ရတယ်။

အရင်ကပိုင်ဆိုင်ခဲ့တဲ့စည်းစိမ်ဥစ္စာတွေဟာလည်း  ပြာတွေလိုပါပဲ။

အိမ်တော်ထဲဝင်လိုက်တဲ့အခါတစ်အိမ်လုံးကခြောက်ခြားစရာ။
စျေးကြီးပေ့ တန်ကြေးရှိပေ့ဆိုတဲ့ ပစ္စည်းတွေဟာလည်းနိုင်ငံပိုင်အနေနဲ့အကုန်သိမ်းပစ်ခဲ့ပြီးပြီပဲကို။

ကိုယ့်အသက်တောင်ကိုယ်မပိုင်တော့လို့ပြေးလွှားနေခဲ့ရတာ ဥစ္စာပစ္စည်းများတော့ပြောမနေပါနဲ့တော့။

သူ့အိမ်သူ့ရာဖြစ်ခဲ့ပေမယ့် ယခုသည်လည်းခိုးဝှက်ပြီးဝင်လာရခြင်းပင်။

အခန်းကိုဆွဲဖွင့်ကြည့်လိုက်တော့ ဖုန်အလိမ်းလိမ်းတက်နေတဲ့ကုတင်ပေါ် အဖြူရောင်လေးဟာ ပုံပုံကလေး။

သူ့ကိုမြင်တော့ မျက်ရည်လည်ရွဲ ကယ်လ်ဗင်ဟာ ငေးကြည့်နေခဲ့သည်။

''ဂျွန်မသေသေးတာကောင်းလိုက်တာ''

လေသံလေးဖြော့တော့စွာဆိုသည်။
နှလုံးသားတည့်တည့် ဖိနှိပ်ထားရင်း ပုံပုံကလေးငြိမ်နေရင်းကနေဆိုသည့်မြင်ကွင်းတွေသည် စိတ်ဆိုးဒေါသထွက်သမျှ ယူပစ်သလိုအကုန်ဖယ်ရှားသွားသည်။

သည်လောက်အထိ ကယ်လ်ဗင်ဆိုတာ သူ့အပေါ်လွှမ်းခြုံနိုင်စွမ်းရှိခဲ့တာ။

''သေအောင်မှမသတ်ခဲ့ဘဲ ကယ်လ်ဗင်ရယ်...''

မွစာကြဲနေအောင် ကယ်လ်ဗင်ကိုယ်တိုင်ထိုးနှပ်ထားတဲ့ဓားရာတွေတော့နေပါစေတော့။

Mr.Paul ParkWhere stories live. Discover now