what if...(pt2)

82 5 28
                                    


ဝုန်းဒိုင်းကြဲဝင်လာတဲ့ခြေလှမ်းတွေအပေါ် ပြဿနာတွေပါသယ်ပိုးလာမှန်း ဝန်ထမ်းများကသိသည်မို့ ဂျေကေ့အနောက်က အနီးကပ်သက်တော်စောင့်များ ကပ်လိုက်သူကလိုက် တစ်ချို့ဝန်ထမ်းများဆို ရှောင်ဖယ်သူကဖယ်နဲ့ လူဆိုးကောင်စတင်မွှေတော့မှာကို သိကြသည်။

''ငါ့အသားကိုများ လာထိသွားတာ... ရွံစရာကောင်...အဲ့ကောင်ကိုငါအရမ်းမုန်းတာ...အရမ်းပဲ''

တစ်ယောက်တည်းစကားပြောနေခြင်းဟာ အလုပ်သမားများအတွက် အဆန်းမဟုတ်။

ဂျေကေသည်
နီမြန်းနေသေးတဲ့လည်ပင်းသားတွေကိုပင်လက်သည်းနဲ့ကုတ်ခြစ်ရင်း မျက်လုံးများမီးဝင်းဝင်းတောက်နေမှု့က မည်သူမျှအကြည့်မခံရဲကြ။
ငုံ့ပြီးအကြည့်လွှဲနေကြသည်။

ထိုထဲသိသိသာသာ လွန်လွန်ကဲကဲဖြစ်သွားတဲ့ဝန်ထမ်းတစ်ယောက်ဟာတော့ ဂျေကေ့အတွက် စိတ်တိုင်းကျ ပုံချချင်စရာကောင်းလာသည်။

''နင်ကြည့်လိုက်တယ်မလား...''

''ဟင်...ဂျေကေ...''

''အဲ့ကောင်ငါ့အသားကိုထိနေတာ ဒီနေရာကနေကြည့်နေတာမဟုတ်လား.....နင်လား....ငါ့ကိုကြည့်တာ....''

''မဟုတ်ပါဘူး...မကြည့်မိပါဘူး ဂျေကေရယ်...''

လန်ဒန်သူလေးရဲ့ စည်းနှောင်ထားတဲ့ဆံပင်တွေကိုအုံလိုက်လှန်ဆွဲရင်းကမေးတော့ ထိုလန်ဒန်သူလေးခမျာ အော်ဟစ်ပြီးရုန်းကန်နေသည်။

သက်တော်စောင့်များ ဝိုင်းချုပ်နေသည့်ကြားကပင်
ဂျေကေသည်ဖရိုဖရဲဆန်ဆန်ပဲ ပြဿနာရှာချင်နေပုံရပါ၏။

သိပ်ကိုဆိုသွမ်းလွန်းပေမယ့် မနက်ကပုံရိပ်ကလေးဟာ ကြည့်ကောင်းလွန်တဲ့လူငယ်လေးလိုမို့ သူသူကိုယ်ကိုယ်ငေးမိကြမှာအမှန်ပါပဲ။

ဂျေကေဟာ လူဆိုးကောင်သာဖြစ်မနေရင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေးလိုမျိုး သိပ်လှပေမယ့် အထိတောင်မခံနိုင်တဲ့စိတ်ရူးသွပ်မှု့ကြောင့် နာမည်နဲ့လိုက်အောင်ဆိုးသွမ်းလွန်းအားကြီးသည်။

ဒါကြောင့် ဂျေကေ့ဆို ဘယ်ဝန်ထမ်းငယ်ငယ်လေးမှကြာကြာရင်မခုန်ရဲ။ သိပ်ကြောက်စရာကောင်းလွန်းလို့ကင်းကင်းနေကြသည်။

Mr.Paul ParkWhere stories live. Discover now