အသိစိတ်ကင်းမဲ့စွာဖြစ်နေသည်။
တစ်စုံတစ်ယောက်ပူးကပ်သွားသလို တစ်စုံတစ်ယောက်ကသူ့ခန္ဓာကိုယ်ကို ခနလာငှားသွားသလိုခံစားလိုက်ရတာမို့ အဲ့ဒီ့အခိုက်အတန့်ကိုပြန်စဥ်းစားမိတိုင်း သူကျောချမ်းလာရသည်။ဟိုဟိုဒီဒီလျောက်ကြည့်နေသော်လည်း ကျောင်းဆရာရဲ့သတိထားသလိုပုံစံမျိုးကြောင့် သူ့အပြုအမူတွေထိန်းသိမ်းနေလိုက်ရသည်။
မင်သေနေတဲ့ စိတ်ကိုတိခနဲရပ်သွားသည်က ကျောင်းဆရာက စောင်အဝါလေးတစ်ထည်လွှားပေးလိုက်ခြင်းကြောင့်ပင်။
နွေးထွေးသောနေမင်းလေးလို အပြုံးနုလေးဆက်ခနဲပြုံးပြသည့်အခါ သူသည်လည်း အလိုက်ထိုက်လေးပြုံးပြလိုက်သည်။
မျက်နှာမြင် အေးချမ်းပါစေဆိုတဲ့ ဆုတောင်းမျိုးရခဲ့ပုံပဲ။
အပူတပြင်းသူစိတ်တွေကို အေးချမ်းသွားစေတဲ့အထိ ဒီအပြုံးနုနုလေးက အာဏာသိပ်ကြီးတာ။အခုလိုတွေဝေနေတဲ့စိတ်တွေမှာတောင် အတွေးတွေကို တိခနဲရပ်တန့်သွားစေတဲ့အထိ။
''juiceသောက်မလား... ''
''ဝိတ်ထိန်းနေတယ်...''
''ဗိုက်ရော ဆာပြီလား ''
''ဝိတ်ထိန်းနေတယ်လို့ပြောတာ နားလည်လား''
''ပေး ပေး အပေါ်ထပ်အင်္ကျီတွေ ကိုယ်ချွတ်ပေးမယ်...
ပြပါဦးမျက်နှာသိပ်မထိလို့တော်သွားသေးတယ်''''သိပ်ထိသွားတယ် ...ငါသိပ်ထိသွားတယ်လို့Jung... ''
အံကြိတ်ပြီး ဆိုဖာနားကနေလှမ်းအော်တော့ Jungတစ်ယောက် သွေးရူးသွေးတန်း အနားရောက်သွားရသည်။
ပြီးတော့ မျက်နှာတစ်ဝိုက်ကို စေ့စေ့ကြည့်ကာ ခပ်ဖွဖွလေးတို့ထိလိုက်သေးသည်။ထိုအချိန်တွင်တော့ ဂျီမင်းမျက်နှာသေကြီးနဲ့ တစ်ချက်လှမ်းကြည့်ကာ ကြမ်းပြင်တွေမှာပဲအကြည့်ပြန်ထားထားပြီး ကျောင်းဆရာအပေါ်တစိကလေးမှအကြည့်ပြန်မရောက်ခဲ့။
''အောက်နှုတ်ခမ်းလေး ကွဲသွားတာပဲကို...''
''ကိုယ်ဆေးထည့်ပေးမယ်နော်...ခနလေးစောင့်..''
YOU ARE READING
Mr.Paul Park
Fanfictionစောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1) စောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ငါတို့တွေထပ်တွေ့ရပြန်ပါပြီ ပေါလ်ရယ်....။ (season_1)