အဲ့ဒီ့နေ့ကပေါ့...

86 6 43
                                    

မနက်ခင်းလင်းစကတည်းက ထူပိန်းပိန်းအဝတ်တွေဟာမရှိနေဘဲ ညဝတ်အင်္ကျီပါလဲပေးထားပုံရရင် သူဌေးပါ့ခ်မည်မျှပင်မူးခဲ့လဲ ခေါင်းထဲတစီစီတိုးဝင်လာတဲ့အဖြစ်အပျက်ကြားမှာတော့ ပွရှုတ်ပြီးသားဆံပင်တွေကိုပါဆွဲဆုတ်ကိုင်ထားမိပြီ။

နိုးနိုးချင်းမို့ကြောင်စီစီဖြစ်နေပေမယ့် ကျောင်းဆရာကိုပြန်ချော့ဖို့တော့ သူသတိရပါသေးသည်။

''ဖုန်းရော....ဖုန်း...အထဲတစ်ယောက်ဝင်ခဲ့ကြစမ်း...ငါ့ဖုန်းရော...ငါ့ဖုန်း...ဘယ်နားထားထားလဲ''

ကုတင်ပေါ် ဟိုဖယ်ဒီဖယ်ရှာနေတဲ့ ပါးပါးလှပ်လှပ်ခန္ဓာကိုယ်လေးဟာ ညကမူးရူးနေတာကြောင့်ထိုဝန်ထမ်းတွေကိုယ်တိုင်ပင် လုပ်ကိုင်ပေးခဲ့ရသေးပေမယ့် ဖုန်းအထိတော့သူတို့လည်းမသိတာမို့ ဝိုင်းရှာပေးနေသယောင်ရှိသည်။

''ငါ့အဝတ်တွေဘယ်သူချွတ်ပေးတာလဲ...''

''ကျွန်တော်ပါ...ကျွန်တော်ပါ သူဌေးပါ့ခ်....''

မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးကအရောင်တွေသာမီးတောက်တွေလို အပြင်ထွက်လာနိုင်စွမ်းရှိရင် အခန်းထဲကအလုပ်သမားတွေပြာကျလောက်မည်။

မိုးလင်းကတည်းက အော်ဟစ်သံဟာ အလုပ်သမားတိုင်းအတွက်အပြစ်လွတ်ဖို့လမ်းမရှိ။

သူဌေးပါ့ခ်ဟာ မိုက်မဲတာထက် ကျောင်းဆရာနဲ့ပက်သက်လာရင် ပြာတတ်နေတာ။

'ဘာလုပ်နေတာလဲ...အင်္ကျီအဟောင်းထဲသွားပြန်ရှာခဲ့လေ....အလုပ်ပြုတ်ချင်နေပြီလား...''

''ဟုတ်...ဟုတ်...ဟုတ်ကဲ့ သူဌေး''

ရွယ်တူအလုပ်သမားတစ်ယောက်က ခပ်သွက်သွက်ကလေး သွားပြန်ရှာလာတဲ့အခါဖုန်းတော့ပြန်ပါလာပါရဲ့ သို့သော်အက်ကွဲရာတွေနဲ့။

''ပေး ပေး...နှေးတိနှေးကန်နဲ့...လူငယ်လေးတွေမဟုတ်တဲ့အတိုင်းပဲ...''

ပြောပြောဆိုဆိုနဲ့ခေါက်ဖုန်းကလေးကို မြန်မြန်ဆွဲယူပြီး ကုတင်ပေါ်မှာ ခြေချိတ် ထိုင်ရက်သားနဲ့ပင် နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

အလုပ်သမားတွေကတော့ ကြောင်အန်းအန်းနဲ့ အခန်းထဲ တပြုံ။

''မောနင်း...''

Mr.Paul ParkWhere stories live. Discover now