20%(Part 1)
မနက်ပိုင်း မျက်လုံးမပွင့်နှင့် အကျင့်ပါနေကာ လက်က စားပွဲပေါ်က alarm စက်လေးဆီသို့..
Alarm တောင် မမြည်သေးပုံထောက်ရင် အချိန်စောဦးမည်။ alarm ပိတ်လိုက်ကာ စောင်လေးထဲ ကွေးနေတုန်း..
"ဟက်ချိုး!!"
အားး ဘယ်လိုဖြစ်တာလဲ "ဟက်ချိုးး"
နောက်တစ်ခေါက် ဟက်ချိုး ထပ်ချိုးပြီး ခေါင်းတောင်မထောင်နိုင်တော့..
ထပ်ဆိုးလာမည်ဆိုး၍ ကုန်းရုန်းထကာ air con remote ရှာမိသည်..
စမ်းတစ်ဝါးဝါး လျှောက်စမ်းကြည့်ရင်း ခေါင်းအုံးအောက်မှ remote ကို စမ်းမိကာ ချက်ချင်း ပိတ်ပြစ်လိုက်ရသည်..
ပါးစပ်မှလဲ
"မနေ့ညက အအေးလျှော့ဖို့မေ့သွားတာ အခုတော့..ဟက်ချိုး"
ဒါဟာ သူမနက်တိုင်း ဖြစ်နေကျ ကိစ္စတစ်ခု..
ညဘက် အအေးမလျှော့ဘဲ အိပ်မိတိုင်း မနက်ရောက်ရင် နှာမွှန်ပြီး နိုးလာခြင်း..နေ့လည်စာစားချိန်လောက်မှ အမြဲပြန်ပျောက်သည်။
စိတ်ညစ်ညစ်နှင့် နာရီကိုလှမ်းကြည့်လိုက်တော့ မနက် 6:40..
ပုံမှန် ဆို alarm က 6:50 အမှန်တော့ ဒီနေ့ အထက်တန်း ပထမရက်မလို့ စိတ်လှုပ်ရှားကာ စောစောနိုးလာခြင်း။
အထက်တန်း ပထမရက် ဆိုတာထက်ရော
Jungkook ..ကျောင်းပိတိသည့် ကာလ တစ်လျှောက်လုံး မတွေ့ဖြစ်.. သူတို့က သူငယ်ချင်းတွေမှ မဟုတ်တာ ကျောင်းဖွင့်မှာဘဲ တစ်တန်းထဲမို့ တူတူတွေ့ရခြင်းသာ။
တက်ကြွနေသည့် စိတ်ဖြင့် အိပ်ယာထဲမှ ကုန်းထပြီး ရေချိုးခန်းထဲသာ ပြေးဝင်သည်..
ရေချိုးပြီးနောက် အသင့်ပြင်ဆင်ထားသော ကျောင်းဝတ်စုံလေးအား ဗီဒိုထဲမှ ထုတ်ကာ မှန်ရှေ့တွင် သပ်သပ်ရပ်ရပ် ဝတ်ဆင်သည်..
အရပ်ရှည်ရှည်နှင့် ဗလအရမ်းမတောင့်သော်လည်း အလိုက်အထိုက်လေး..
အကျီကြယ်သီးတွေ အကုန်တပ်ပြီးသွားတဲ့ နောက်မှတော့ ညကတည်းက ပြင်ဆင်ထားတဲ့ ကျောပိုးအိတ်လေး လွယ်ကာ အောက်ထပ် ဆင်းတော့ အမေက ခပ်လန့်လန့်ဖြင့်