^6^

162 11 2
                                    

20%(Part 6)

ကျောင်းပိတ်ရက်အပြီး သိပ်မကြာခင်မှာတော့ school trip သွားရမည့်ရက် ရောက်လာပြီ။

Taehyung အထုတ်တွေ ကူဆွဲရင်း ဒီနေ့တော့ အစ်ကိုက ကျောင်းရှေ့ထိ ကားနှင့် လိုက်ပို့ပေးသည်။

ကားပေါ်ရောက်တော့ trip သွားမည့် bus ကားပေါ် အထုတ်တွေ ကူတင်ရင်း သူ့ညီအား သေချာမှာနေသည်။

"ဆရာမတွေ ပြောတာ သေချာနားထောင်နော် တအား မဆော့နဲ့"

"သိပါတယ် ကလေးလဲ မဟုတ်ဘဲ မဆော့ဘူး"

"ကလေးက ကလေးဘဲ လူစုမကွဲစေနဲ့နော် တစ်ခြားသူတွေနဲ့"

"သိပါတယ်ဆို ရပြီ ပြန်တော့.."

ဒါတောင် သူ့ကို ပွစိပွစိနှင့် မရရအောင် မှာသွားပြီးမှ ကားပေါ်တက်သွားသည်။

ခနကြာမှ Hanwool ရောက်လာသည်မို့ နှစ်ယောက်သား စကားပြောနေတုန်း Hanwool ထံမှ

"မင်း ဘယ်သူ့ကို ရှာနေတာလဲ"

"မရှာပါဘူး ဘာရှာလို့လဲ"

"လိမ်မနေနဲ့ မျက်လုံးက ဟိုကြည့်ဒီကြည့်နဲ့ ဘယ်သူ့ကို မျှော်နေတာ"

"မမျှော်ဘူးလို့"

"အင်းပါ ဟိုမှာ Jungkook ဟ"

Jungkook ဆိုသည့် အသံကြားတာနဲ့ ခေါင်းကို ချာကနဲ လှည့်ကြည့်သည်။

Jungkook နှင့် တူတာလဲ တစ်ခုမှမတွေ့။

"အော် Jungkook ကိုမျှော်နေတာလား ထင်တဲ့အတိုင်းဘဲ"

"မ..မဟုတ်-"

"တော်ပါ ဟိုမှာ တကယ့် Jungkook "

ဒီအခါမှ တကယ့် Jungkook။ သူ့ရှေ့တည့်တည့်ကို လမ်းလျှောက်လာနေသည်။

ဟူးး စိတ်လျှော့ မေ့နေလောက်ပါပြီ သူလဲ။

Taehyung က ခေါင်းငုံ့ထားသည်မို့ သူကဘဲ အလိုက်သင့်လေး။

"ဟို..ဆရာမက ခေါ်နေပြီမို့"

"လာ..လာမယ်"

ဆရာမဆီ ရောက်ပြီးမှ လူစုံမစုံစစ်။ စစ်ပြီးမှ အကုန် ကားပေါ်တက်ပြီး နေရာယူကြသည်။

Jungkook နဲ့ Manshik အရှေ့ခုံတွင်တော့ Taehyung နဲ့ Hanwool

သွားသည်က ထူးထူးခြားခြားတော့ မဟုတ် ကျေးမြို့ရွာလေးတစ်ခုပင်။

20 percentWhere stories live. Discover now