20%(Part 4)
Taehyung ထိုနေ့ပြီးကတည်းက ကျောင်းမလာ။
Jungkook တစ်မျှော်မျှော်ဖြစ်နေသော်လည်း သူ့ဘာသူဘာကြောင့်မျှော်နေလဲ ပင်မသိ။
ဒီတိုင်း အတန်းထဲမှာ လူတစ်ယောက်လျော့နေလို့လား။
ဒီတိုင်း နေမကောင်းဖြစ်နေတာကြောင့် စိတ်ပူမိတာ ဖြစ်မည်။
ထိုသို့နှင့် ကျောင်းပိတ်ရက်ပါ ပေါင်းသွားတော့ ရက်က ပိုကြာသွားသလို..
ဖုန်းဆက်လိုက်ရမလား? ဒီတိုင်းတံခါးသွားခေါက်ရမလား?
Taehyung အိမ်နားပင် ရောက်နေကာမှ မေးခွန်းထုတ်မိသည်။
သူ့အိမ်က လူတွေက ဧည့်သည်လာတာ ကြိုက်လား မကြိုက်လား မသိနဲ့။
အိမ်နားမှာ ယောင်လဲလဲလုပ်နေတုန်း အဝေးမှ လမ်းထဲ ပြန်ဝင်လာသည့် အရိပ်အယောင်လေး..
နီးနီးလာတော့မှ Taehyung မှန်းသေချာသိသည်။
နေကောင်းနေသည့် ပုံဘဲ။ လက်ထဲမှာလည်း ရေခဲမုန့် ခွက်တစ်ခုနဲ့
နေကောင်းရင်လဲ အကြောင်းလေးဘာလေး မကြားဘူး တစ်ယောက်ထဲ သာယာနေတာ။
တော်ပါပြီ။ နေကောင်းနေပြီဘဲ တွေ့ရင်လဲ ဘာပြောရမှန်း မသိနဲ့..
"ဟေး Jungkook "
Jungkook လှည့်ထွက်မည် အလုပ် သူ့ကို မြင်သွားသည်ထင်သည်။ လှမ်းအော်နေသည်။
"အော..Taehyung လား"
မသိချင်ယောင်ဆောင်ရတော့သည်။
"အင်း ဒီနားကို ဘာလာလုပ်တာ"
"ဒီတိုင်း.."
"ဟမ်!"
"လမ်းလျှောက်ထွက်တာ"
"ဟင်!"
Jungkook က အဓိပ္ပာယ်မရှိတာကြီးကို ပြောနေတာမလား။
သူ့အိမ်နားလောက်အထိ လမ်းလျှောက်ထွက်မယ်!နေ့ခင်းကြောင်တောင်ကြီးလေ။
"ဘာ..ဘာဖြစ်လို့"
လိမ်ပြောထားသည့် လူတွေရဲ့ ဖြစ်ရိုးအတိုင်း မလုံမလဲ စကားတွေက ထစ်။
"မဟုတ်ပါဘူး"
ထားလိုက်ပါ။ သူဘာကြောင့် လိမ်ပြောပြော Taehyung အာရုံမရပေ။ လက်ထဲက ရေခဲ့မုန့်ဆီမှာသာ အာရုံက..