20%(Part 2)
ကျောင်းဆင်းချိန်ရောက်တော့ ကန်တင်းမှာ စတော်ဘယ်ရီ အအေး ဝယ်ဖြစ်အောင် ဝယ်သောက်သေးသည်..
အားး လွမ်းနေတာ ဒီအရသာကို
စတော်ဘယ်ရီ အအေး အရသာခံသောက်ရင်း ကျောင်းဂိတ် အပေါက်ဝမှာ လူတိုးနေတာကြောင့် အနောက်နား ခနရပ်စောင့်နေသည်
တော်ကြာ ဝင်တိုက်မိလို့ သူ့အအေးမှောက်ရင် ငတ်နေဦးမည်။
ရပ်စောင့်နေတုန်း ကျောကုန်းမှ တစ်ခုခုနဲ့ သွားကပ်မိသည်ကို ခံစားမိသည်..
သစ်ပင်များလား?ဒါနဲ့ ကျောင်းအဝမှာ သစ်ပင်က ရှိလို့လား?
မရဲတစ်ရဲ အနောက်ကိုလှည့်ကြည့်တော့ Jungkook
ရားး ထပ်တွေ့ပြန်ပြီ!!
"လူတွေတိုးနေတယ် ခနနေမှသွားလေ"
"အော..အင်းး အဲ့ဒါကြောင့်ဘဲ စောင့်နေတာ"
"စတော်ဘယ်ရီ အရမ်းကြိုက်တာဘဲလား"
"ဟုတ်တယ်လေ.. ဘာဖြစ်လို့"
"မဟုတ်ပါဘူး နှစ်တိုင်း သောက်တာတွေ့လို့"
Jungkook က သူ့ကို သတိထားမိနေတာလား?
ခေါင်းသာ ငြိမ့်ပြလိုက်ရင်း ခနနေတော့ လူရှင်းသွားတော့မှ ကျောင်းအပြင်ထွက်လာသည်။
အနောက်တွင် Jungkook က တော်လျှောက်လိုက်လာသည်မို့လှည့်ကြည့်တော့ သူမေးချင်တာကို သိသည့်အလား
"ငါလဲ bus ကားနဲ့ဘဲ ပြန်မှာလေ အဲ့ဒါကြောင့်"
"အော်..အင်း အင်းး"
Bus ကား ဂိတ်ရောက်မှ လက်ထဲမှ အအေးလဲ ကုန်သည်.. အမှိုက်ပုံးက နီးနီးနားနားတွင် ရှိသည့်မို့ လွယ်လွယ်ကူကူ လှမ်းပြစ်ရင်း တူတူ bus ကားစောင့်နေမိသည်
ဒီနေ့က အကြာဆုံးဘဲ သူတို့နှစ်ယောက် တူတူရှိနေဖူးတာ
သူစီးရမည့် ကားရောက်လာသော်လည်း မျက်နှာမဲ့ကာ ပြန်ထိုင်နေတာကြောင့်
"မင်း စီးရမဲ့ ကားမဟုတ်ဘူးလား"
"ဟုတ်တယ် ဒါမဲ့ လူတွေများနေတယ်လေ"
"ဒီလိုနဲ့ ကားစောင့်ရင်း နောက်ကျသွားရင် ဘယ်လိုလုပ်မလဲ"
"ရပါတယ် နောက်လာဦးမှာပါ"