20%(Part 10)
"ဟမ် လို့"
Taehyung ကိုယ်လေးကို လှုပ်လိုက်ရင်း မေးလိုက်တော့ ပြူးကြောင်ကြောင်လေး ထပ်ကြည့်သည်။
အနားနား ကပ်သွားတော့ နောက်ဆုတ်လေသည်။
"ခုန်တယ်"
မရဲတရဲပြောပြီး ခေါင်းကို အောက်ငုံ့ထားသည်။
"အဲ့တာကြောင့် ပြောတာ"
Taehyung မော့ကြည့်လာသည်နှင့် နှုတ်ခမ်းကို အမိအရနမ်းသည်။
နှစ်ယောက်လုံးရဲ့ ပထမဆုံးဖြစ်တာကြောင့် perfect ဖြစ်နေမှာတော့ မဟုတ်ပေမယ့် အဆင်ပြေပြေတော့ရှိနေသည်။
Jungkook ဘက်က ရင်ခုန်တယ် တွဲကြည့်ရအောင်တဲ့ ပြီးမှ သူ့စကားသူ နောက်ပြန်ဆုတ်တယ် ။ သူလဲ ဒါကို လက်ခံပါတယ်။ တွဲမယ်၊ချစ်တယ် အထိတွေးဖို့က ငယ်သေးသည်မဟုတ်လား။
ဒါကြောင့် လက်ခံကြည့်မယ် Jungkook ကို။ တစ်ကယ်တမ်း တွဲရမယ် ဆိုတော့လဲ ခံစားချက်က ဘယ်လိုမှန်းမသိပေ။
မိုးက တစ်ဖြည်းဖြည်း တိတ်သွားတာကြောင့် နမ်းနေသည့် အသံသာ ကြားနေရသည်။
Jungkook က နှုတ်ခမ်းကို ဆွဲခွါပြီး
"ဒါဆို လက်ခံလိုက်တာလား"
သူလဲ ခေါင်းသာ ငြိမ့်ပြပြီး ထွက်လာတော့တာ။ မိုးလဲ တိတ်နေပြီးမို့ ကြမ်းပြင်ပေါ် ကျန်ရှိနေတဲ့ ရေနဲနဲကိုသာ ရှောင်သွားရင်း။
အနောက်က ဗွက်ထဲကို နင်းပြီး လိုက်လာသည့်အသံ။ လှည့်ကြည့်မိတော့
"မင်းနောက် လိုက်ချင်းဇောများသွားတာ ဖိနပ်တော့သွားပါပြီ"
ဖြစ်နေပုံကိုကြည့်ပြီးသာ ရီချင်နေမိသည်။ ရှက်ကလဲ ရှက်နဲ့ ခေါင်းလေး ငုံ့ပြီးသာ အိမ်ကို ပြန်ထွက်လာလိုက်သည်။
Jungkook လဲ သူ့ရဲ့ ညစ်ပတ်နေတဲ့ ဖိနပ် တစ်စုံနှင့် အတူ ဘေးကနေလိုက်ပို့သည်။
မိုးရေထဲ စက်ဘီးစီးတာ အန္တရယ်များတာကြောင့် ခနခနအောနေရသည်။ ဒါတောင် သူ့ကိုစသလိုလိုနဲ့ တမင် ရိုင်အောင် မောင်းသေးတယ်။
အိမ်ရှေ့ရောက်မှ
"သေချာစီးနော်"
နားထောင်သည့် ပုံမပေါ်ဘဲ 'မစီးဘူး' ဆိုသည့် ပုံဖြင့် မျက်ခုံးပင့်ပြပြီး သူ့ကို စနေတာ။