^7^

113 10 2
                                    

20%(Part 7)

Senior များနဲ့ ဆရာများ ရွာထဲ လျှောက်ပတ်စစ်ဆေးရာ ကျောင်းသားများ မရှိတော့တာ သေချာမှ စုဝေးရာ အရပ်ပြန်လာသည်။

ကျောင်းသားတွေ တော်တောိဆုံနေပြီဖြစ်တာကြောင့်Taehyung မှာ သူ့သူငယ်ချင်းကို လိုက်ရှာတော့သည်။

တွေ့ပါပြီ ။ ဒေါင့်မှာ တစ်ခြားသူတွေနံ့ ဒီကောင်သူငယ်ချင်းလဲ ပေါပ။

ပုံမှန်းအတိုင်းဆိုရင်တော့ တော်တော်စိတ်ဆိုးမိမှာပေမယ့် သူမရှိတော့ Jungkook နဲ့ သွားတာလည်း မဆိုးလှ။

ဒါမယ့်လဲ မပြောမဆိုနဲ့မို့ အနားနားသွားကာ အနောက်မှ ပိတ်ရိုက်လိုက်သည်။

"အား.. ဘယ်သူ-"

"မင်း အဖေ"

"သူငယ်ချင်းကလဲ"

"မပြောမဆိုနဲ့ "

"အမယ် စိတ်ဆိုးချင်ယောင်ဆောင်မနေနဲ့ Jungkook နဲ့ သာယာနေတာမလား"

"ဘာ..ဘာကို သာယာ"

"ကျေးဇူးတောင် တင်ရမှာငါ့ကို"

Manshik မှာတော့ နားစွန်နားဖျားကြားပြီး ငါဂုတ်ကနေဆွဲလို့လဲ မလိုက်ရသေးတယ် မသိရင်သူကဘဲ အလိုက်တသိ ဖယ်ပေးတာကျလို့။

Manshik ကတော့ တစ်နေ့ခင်းလုံး သူတို့နှစ်ယောက်ကို ချောင်းလိုက် အတန်းထဲက ကောင်မလေးတစ်ယောင်နှင့် သွားလိုက်နှင့်။

"တော်ပြီ.. "
Taehyung ထံမှ ထွက်လာသံ။

Hanwool ကတော့ ပြုံးစိပြုံးစိနှင့်။ ထပ်စမလို့ကြံနေတုန်း အရှေ့မှ..

"ကလေးတွေ လူလဲ စစ်ပြီးပြီဆိုတော့ လူဆုံပြီ နားတော့ ခနနေ ညစာလာစားလို့ရပြီ"

စကားအဆုံး အကုန်လုံးမှာ ပင်ပန်းနေပြီ ဖြစ်တာကြောင့် အခန်းထဲ ဝင်သွားကြလေပြီ။

ရေမိုးချိုး သန့်စင်ပြီးနော် ဗိုက်ကလဉ အချက်ပြနေပြီမို့ အပြင်ထွက်ကာ နေ့လည်က နေ့လည်စာစားသည့် နေရာမှာပင်။

ညစာစားပြီးတော့လဲ သူငယ်ချင်းတွေစုကာ သီချင်းဆိုကြ ဂိမ်းတွေဆော့ကြနှင့်။

Taehyung အရင်တည်းက လူတွေ စုစုရုံးရုံးဖြစ်နေတာ မကြိုက်သည်မို့ အဝေးနားက ခုံလေးမှာပင်။

20 percentWhere stories live. Discover now