^8^

104 11 2
                                    

20%(Part 8)

Trip ပြီးသွားပြီးနောက်မှာတော့ ထုံးစမ်အတိုင်း လည်ပတ်ရတော့သည်။

ကျောင်းမဆင်းခင် ဆရာ၏ စကားအဆုံး အကုန်လုံးက ဟင် ခနဲ။

ထိုအရာကတော့ စာမေးပွဲ။

စာမေးပွဲက ဘယ်လောက်မှ မလိုတော့သည်မို့ အခုထဲက စာကြိုလုပ်ရတော့မည်။

အထက်တန်းရောက်သည်မို့ စာက အရင်ကထက် သိသိသာသာပိုများလည်မို့ အရင်လို ပေါ့ပေါ့ပါးပါးစလုပ်လို့မဖြစ်တော့ပေ။

Jungkook မှာ Taehyung ကို အပြင်သွားဖို့ ချိန်းဖို့လုပ်လိုက်ပေမယ့် ကျောင်းမဆင်းခင် ဆရာရဲ့ စာမေးပွဲရှိတယ် ဆိုသည့် အသံကြောင့်

'ဟူး စာမေးပွဲပြီးမှပေါ့ကွာ'

ထိုအချိန် Taehyung က ဘေးကိုရောက်လာပြီး

"ပြန်မယ် Jungkook "

ကျောင်းဆင်းချိန်မို့ Taehyung က တူတူပြန်နေကျမို့ လာခေါ်တာ။

"အော အော သွားမယ်"

Jungkook ဆူပုတ်ပုတ်ဖြစ်နေတာကြောင့်

"ဘာဖြစ်နေတာလဲ? နေမကောင်းဘူးလား"

နှဖူးပေါ်ရောက်လာတဲ့ လက်ချောင်းရှည်ရှည်လေး။

"ကောင်းပါတယ်"

"စာမေးပွဲကြောင့်လား မင်းက အမြဲအမှတ်က မဆိုးပါဘူး"

"မဟုတ်ပါဘူး တစ်ခြားဟာ"

"ပြောပြ"

"မပြောဘူး"

"မင်းအဲ့လို ထားခဲ့တော့ ယွစိယွစိနဲ့ သိချင်လာတာပေါ့ ပြော"

"စာမေးပွဲ ပြီးမှ"

"ဘာကို စာမေးပွဲပြီးမှ"

ကားမှတ်တိုင်အထိ မရမက ဆက်တိုက်မေးပြီး လိုက်လာသည်။

ဆက်တိုက်ငြင်းရင်း ကားလဲ အဆိုက် ကားပေါ်တွန်းတင်ရတော့သည်။

ကားတော့ အလွတ်မခံဘဲ တက်သွားလို့တော်သေး။
ဒါတောင် ပါးစပ်က ပြောသွားသေးသည်။

"မင်းကို မခေါ်ဘူး"တဲ့

••

Jungkook အိမ်ပြန်ရောက်သည်အထိ အေးဆေး။

20 percentWhere stories live. Discover now