20%(Part 9)
ဘာလိုလိုနှင့် စာမေးပွဲနောက်ဆုံးရက်တောင် ရောက်လေပြီ။
Bell သံကြားသည်နှင့် အဖြေလွှာစာရွက် ချက်ချင်း အပ်ပြီး အခန်းအပြင်ပြေးထွက်သည်။
"ဟူးး ပြီးပြီကွ"
Taehyung ခုန်ပေါက်စွာ ထွက်လာပြီးမှ အနောက်ကို ပြန်လှည့်ကြည့်သည်။
Jungkook လဲ သူ့လိုဘဲ အဖြေစာရွက် အပ်ပြီး ချက်ချင်းထွက်လာသည်။
သူ့ကိုမြင်မြင်ချင်း ပြေးလာပြီး ပုခုံးဆွဲဖက်သည်။ သူ့အကျင့်။
"ဖြေနိုင်လား"
"ဖြေတော့ဖြေခဲ့တာဘဲလေ"
ဒါသူစာမေးပွဲတိုင်း ပြောနေကျ ။
"ဒါနဲ့ Jungkook "
သူ့ဘက်လှည့်ကြည့်လာပြီး
"မင်း စာမေးပွဲပြီးရင် ပြောမယ်ဆိုပြီး ပြောထားတယ်လေ အဲ့ဒါဘာလဲပြော"
"အော် ဟို.."
"ပြောလေ"
"အာ.."
သူအဲ့လိုလုပ်လေ ပိုသိချင်လာလေ
"မပြောရင် ဒီတစ်ခါ တကယ် စိတ်ဆိုးမှာ"
"မဆိုးပါနဲ့.."
"ပြော ဒါဆို"
"ဟို ပိတ်ရက်ကျ အပြင်သွားမလားလို့"
ပြောနေတဲ့ ပုံက မရဲတရဲနှင့်။ Taehyung မှာတော့ ရင်ဘက်တောင် ပေါက်ထွက်တော့မလားဘဲ။
စိတ်ထိန်း Kim Taehyung တစ်ခြားသူတွေပါ ကြားကုန်တော့မယ်။
"အော်..အော အဲ့ဒါလား"
"အင်းး"
"မင်းရက်ပြောလေ လာခဲ့မယ်"
"တကယ်ပေါ့."
"အင်းလေ ဘာလို့လဲ"
"ပြီးရော ဒါဆို ငါရက်ပြောမယ် နေရာပါ ပို့ထားမယ် လာရမယ်နော်"
"လာပါမယ်ဆိုမှ"
"ဟုတ်ပြီ"
စပ်ဖြဲဖြဲနဲ့ အရှေ့ကနေ ပြေးထွက်သွားသည်။ သူ့ကိုတောင်မစောင့်
"ရား Jungkook စောင့်ဦးလေ တူတူသွားမယ်"
သူပါအနောက်က အမိအရပြေးလိုက်ရတော့သည်။