<Unicode>
တစ်စထက်တစ်စလွှမ်းမိုးစပြုလာသော
ဂျောင်ကုပေါ်ထားရှိသည့်အကြောက်တရားများ။
ထိုလူနှင့်ဆုံစည်းပေးသည့်ကံကြမ္မာကိုမုန်းသည်။ရေချိုးခန်းထဲရှိကိုယ်လုံးပေါ်မှန်ထဲတွင်
မြင်နေရသောလည်တိုင်နုနုကလေး။
လက်ငါးချောင်းရာမှာထင်းနေပြီး
အညိုအမဲများပင်စွဲနေသည်။"မင်းကိုမုန်းတယ်ဂျောင်ကု"
ရေအမြန်ချိုးလိုက်ကာ
လည်တိုင်ရှိအညိုအမဲများအားဆေးထည့်လိုက်သည်။
ရုတ်တရက်လက်ဖမိုးထက်သို့
အကြည့်ရောက်သွားသည့်အခိုက်အတန့်။"ငါမင်းနဲ့နှစ်ရက်ပဲရှိသေးတယ်။
ငါ့ကိုဒဏ်ရာနှစ်ခုပေးဖြစ်အောင်ပေးတယ်
မင်းဘယ်လိုလူလည်းအရိုင်းအစိုင်းကောင်ရယ်"လက်ကောက်ဝတ်ပါဆေးထည့်ပြီး
လည်ပိတ်အကျနှင့် လက်ရှည်အားဝတ်ကာ
အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။"နေမကောင်းဘူးလားသား
အနွေးထည်ကိုဘာလို့အပြည့်ဝတ်ထားတာလည်"နဖူးပေါ်ကိုလက်လာတင်ပြီး
မေးလာသည့်အမေကြောင့်
ထယ်ယောင်းအော်ငိုပြီး
အမေ့ရင်ခွင်ထဲသို့တိုးဝင်ကာ
အော်ဟစ်အော်ပလိုက်ချင်သည်။"သားရေချိုးတာနည်းနည်းကြာသွားလို့ပါ
ဘာမှမဖြစ်ဘူးမေမေ
စိတ်မပူနဲ့နော်""အေးကွယ်
မင်းအဖေကလည်းခရီးကနေပြန်မရောက်သေးဘူး
သားကပဲ ကိုယ့်ကိုကိုယ်ဂရုစိုက်""ဟုတ်မေမေ"
ထယ်ယောင်းထမင်းစားချင်စိတ်မရှိတာကြောင့်
ဝင်သလောက်ပဲစားကာ
အပေါ်ထပ်သို့ပြန်တက်လာခဲ့လိုက်သည်။ကိုယ်ငွေ့မှာအနည်းငယ်ရှိပြီး
စာလုပ်ချင်စိတ်ကလည်းမရှိတာကြောင့်
ထယ်ယောင်းခပ်စောစောပင်
အိပ်ယာဝင်လိုက်သည်။တင်း!
/Morning Honey/
စောစောစီးစီးဝင်လာသည့်စာကြောင့်
ထယ်ယောင်း၏ကြည်နေသောစိတ်များမှာ
ချက်ချင်းနောက်သွားသည်။/ ကျောင်းရှေ့မှာစောင့်နေမယ်/
နောက်ထပ်ပြန်ဝင်လာသောစာတစ်စောင်။
ထယ်ယောင်းမျက်မှောင်ကြုတ်ပြီး
ရေချိုးရန်ရေချိုးခန်းထဲသို့ဝင်လိုက်သည်။
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...