<Unicode>
ဘယ်လိုလူမျိုးက ကိုယ်လူသတ်ချင်တာကို ကိုယ့်အိမ်ကိုယ့်ယာကိုဖိတ်ခေါ်လို့လည်း။ဂျော်နီကတကယ့်ကောင်။
ခေါင်းအသာရမ်းကာ စိတ်လေဟန်ဖြင့်ပြုံးပြီး ဂျော်နီ၏အိမ်ထဲသို့ဝင်သွားလိုက်သည်။
တော်တော်လေးခမ်းနားဟန်ရှိသောအိမ်ကြီးက ဂျော်နီ၏ ကြွယ်ဝမှုကို မီးမောင်းထိုးပြနေသလိုပင်။
"ရောက်လာတာ မြန်သားပဲ"
ဧည့်ခန်းတွင်ထိုင်ကာ အေးအေးလူလူဓားသွားအား သွေးနေသည့်ဂျော်နီ။
ဂျောင်ကုလည်း ဂျော်နီ၏ မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။
"ဆိုတော့ကာ မင်းငါ့ကိုလှည့်စားလိုက်တာလားJk"
"အကင်းပါးသားပဲ"
ဂျော်နီက သူသွေးနေသောဓားသွားအားလက်မဖြင့်ဖိကြည့်လိုက်တော့ လက်မကိုရှသွားသောကြောင့် သွေးများစီးကျလာသည်။
"မင်းအေးအေးလူလူနဲ့ဝင်လာကတည်းက ငါလူမှားဖမ်းလာမှန်း သိလိုက်တယ်
လူတစ်ယောက်ကိုဟန်ဆောင်ပြီးဂရုစိုက်ပြတာတော်သားပဲ။
အဲ့ဒီမိန်းကလေးအတွက်စိတ်မကောင်းပေမဲ့ပေါ့
ဒါပေမဲ့မင်းသိလားJk ငါ့မှာအမြဲတမ်း second choiceရှိတယ်ဆိုတာ"
ဂျောင်ကုအိတ်ကပ်ထဲကစီးကရက်စ်အားထုတ်ကာ မီးညှိပြီးဖွာလိုက်ကာ နှုတ်ခမ်းများတွန့်ချိုးသွားသည်အထိပြုံးလိုက်သည်။
"မင်းရဲ့ second choiceကို ငါကမခန့်မှန်းမိဘူးထင်လို့လား "
ဂျော်နီမျက်နှာအနည်းငယ်ပျက်သွားပြီး ဖုန်းအားဖွင့်ကာ နံပါတ်တစ်ခုကိုဆက်သွယ်ဖို့လုပ်တော့ ဂျောင်ကုကဆေးလိပ်ကို စိတ်အေးလက်အေးဖွာကာ ထိုင်ကြည့်နေသည်။
"မင်ယွန်ဂီ သိပ်လိုက်ကုန်ပြီး မင်းလူတွေကို လက်လျော့လိုက်တော့ဂျော်နီ"
"အဲ့ကောင်ကအရမ်းရှုပ်လွန်းတယ်"
ဂျော်နီ၏ ခနဲ့တဲ့တဲ့အပြုံးကြောင့် ဂျောင်ကုစိတ်ထဲတစ်မျိုးပင်။
YOU ARE READING
Loading.. [COMPLETE]
Fanficမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...