<Unicode>
ဒီနေ့ကတကယ့်ပြသဒါးနေ့ထင်ပါရဲ့။
ကျောင်းသွားဖို့ဆင်းလာတော့ ခြံပြင်မှာ ဆိုင်ကယ်ကိုမှီပြီး ဆေးလိပ်ဖွာနေတဲ့မိစ္ဆာကောင်။ညက ကလပ်ကနေပြန်လာတော့ နတ်ဆိုးကောင်ကပြန်လာပို့တာကြောင့် ကိုကိုတို့နဲ့အတူနေတဲ့အိမ်ကိုသိနေခြင်းပင်။
"ဒီနေ့အတန်းပြေးကြမလာHoney"
ခေါင်းခါလိုက်တော့ မိစ္ဆာကောင်ရဲ့မျက်နှာကချက်ချင်းမှောင်မဲသွားသည်။
အလိုမကျသည်ပုံပင်။"Final စာမေးပွဲကနီးနေပြီးကို အတန်းပြေးချင်နေသေးတာလား ကျောင်းပဲသွားမယ်"
"သဘောကွား"
ထုံးစံအတိုင်းဆိုင်ကယ်ဦးထုတ်ကိုဆောင်းပေးလာသည်။ ကျောင်းရောက်သည်အထိ ဘာစကားမှမပြောဖြစ်ကြ။
မိစ္ဆာကောင်ကတော့ ဆိုင်ကယ်မောင်းနေတာကြောင့်ထွေထွေထူးထူးပြောမနေခြင်း။
"ကန်တင်းသွားမယ်"
လက်ကောက်ဝတ်မှဆွဲကာခေါ်သွားသောကြောင့်
ပါသွားရပြန်သည်။
တစ်ဇွတ်ထိုးလုပ်တတ်သောအကျင့်ကိုလုံးဝသဘောမကျပါ။"အတန်းတက်ရတော့မှာကို ကန်တင်းကဘာလုပ်မလို့လည်း"
"ထိုင်"
"အတန်တက်ရတော့မယ်လေ"
"ကင်မ်ထယ်ယောင်း!"
"ထိုင်...ထိုင်ပါ့မယ်"
ကန်တင်းမှာတောင် ဆေးလိပ်ဖွာမည်လုပ်နေသည့်မိစ္ဆာကောင်ကြောင့် မီးခြစ်ကိုအမြန်ထုတ်ပြီးမီးညှိပေးရပြန်သည်။
"ကျောင်းဝင်းထဲဆေးလိပ်သောက်ခွင့်မရှိဘူးမောင်"
"Who care?"
ထယ်ယောင်းမှာဘာမှမပြောတော့ပဲ မှာထားပေးသော စတော်ဘယ်ရီမတ်ရှိတ်ကိုပဲသောက်နေလိုက်သည်။
မိစ္ဆာကောင်ဆေးလိပ်ဖွာလို့ဝတော့ အတန်းထဲအထိ လိုက်ပို့ပေးသွားသည်။
အတန်းထဲရှိလူများက ကွက်ကြည့်ကြည့်နေကြသည်။"အတန်းဆင်းရင်စောင့်နေမယ် ဘယ်သူနဲ့မှမလိုက်နဲ့"
"ဟုတ်"
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...