<Unicode>
"ငါမင်းကိုလက်မခံနိုင်ဘူးယူဂျင်"ကျွန်တော်နာနာကျင်ကျင်ပြုံးမိတယ်။
ထယ်က ကျွန်တော့်ကိုသဘောမကျမှန်းသိပေမဲ့ ယခုကဲ့သို့ ယတိပြက်ကြီး ငြင်းလိမ့်မည်ဟု ထင်မထားတာကြောင့်ပင်။သောက်လက်စcoffeeခွက်ကိုမော့ရင်း လမ်းမပြင်ကိုငေးကြည့်နေမိခဲ့တာ။
ဒီနေ့ကအပူချိန်32°Cရှိတယ်လို့ကြေညာထားတယ်။
ထယ့်ရဲ့နဖူးမှာချွေးစေးလေးတွေကပ်နေတာကို မျက်လုံးထောင့်ကနေမြင်မိတယ်။"ချွေးသုတ်လိုက်အုံး"
tissueက ကမ်းပေးတော့ ထယ်ကခေါင်းခါပြီး သူ့ဘာသီသူtissueအသစ်ကိုလှမ်းယူပြီးချွေးသုတ်နေတယ်။ ကျွန်တော်နာနာကျင်ကျင်ပြုံးမိတယ်။
ထယ်က ကျွန်တော့်ကိုအရာရာတိုင်းမှာငြင်းဆန်နေခဲ့တာ။"ကိုယ်တို့အရင်လိုပြန်ဖြစ်နိုင်သေးလာထယ်"
ထယ်က ကျွန်တော့်ကိုမျက်လုံးလေးတွေလှန်ကြည့်ပြီး ခေါင်းအသာညိတ်တယ်။
ဘယ့်နှယ့်ဗျား။
တစ်မျိုးတစ်ဖုံလေးကို ချစ်ဖို့ကောင်းနေပြန်ရော။"ငါပြောခဲ့တာတွေကိုစိတ်ထဲမထည့်နဲ့ စိတ်ရူးပေါက်ပြီး လျှောက်ပြောတယ်လို့ပဲသဘောထားလိုက်"
"အင်း.."
"ဒါဆိုငါတို့ပြန်ကြတော့မလာ ထယ်"
"ပြန်ကြတာပေါ့ ငါစာကျက်စရာတစ်ချို့ရှိနေသေးလို့ "
"okay ငါပြန်လိုက်ပို့မယ်"
အပြန်လမ်းကတိတ်ဆိတ်လွန်းသည်။
ခါတိုင်းကြားနေကျ ထယ်၏ရယ်သံလေးများကိုမကြားရတော့။ မမြင်ရတဲ့ဆက်ဆံရေးကြိုးတစ်ချို့ကတော့ ပြတ်တောက်သွားတာအမှန်ပင်။ကိုယ့်ကိုကိုယ်မှန်ထိကြည့်မိတော့ ချောင်ကျသွားသော မျက်နှာနှင့်အတူ နှုတ်ခမ်းမွှေးရေးရေးလေးများကထပ်ပြီးပေါက်လာသည်။
သန့်ရှင်းလေးလုပ်ပေမဲ့ အရင်ကလောက်သန့်ပြန့်မနေ။ အခန်းအောင်းရတာကြာလာတော့ မျက်ဝန်းများမှာ နေရောင်ခြည်ဖြင့်ထိတွေ့နိုင်ရဲ့လားတောင်မသိရတော့။"မောင် မင်းကိုရှာတော့မှာHoney"
ကျွီး......
တံခါးဖွင့်သံနှင့်အတူ ဝင်လာသည့်ယွန်ဂီ။
သကောင့်သားမှာတော့ အမြဲတမ်းမျက်နှာထားကတင်းနေမြဲ။ ဟုတ်လည်းဟုတ်မှာပေါ့လေ။ ကိုကိုကထပ်ပြီးထွက်သွားပြန်တာကိုး။

YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...