Part-27[end]

3.7K 138 15
                                    

<Unicode>
"ဒါဆို ဦးဦးဂျော်နီက တကယ်ဆုံးသွားတာလားဟင်ပါပါး"

"ဒါပေါ့ကွ မကောင်းတဲ့လူတွေကအမြဲတမ်းဇာတ်သိမ်းမကောင်းဘူးလေ"

ဂျွန်ထယ်ကု မျက်မှောင်ကိုအသာကြုတ်ပြီး မေးစေ့အားပွတ်ကာ စဥ်းစားခန်းဝင်နေသည်။ ပါးပါးကပြောတယ် ဦးဦးဂျော်နီကလူဆိုးတဲ့ ဒါဆို ဒယ်ဒီလည်းလူဆိုးပဲမှတ်လား။

"ဘာတွေတွေးနေတာလည် ကလေးသေးသေးလေးက"

"ကလေးသေးသေးမဟုတ်ပါဘူးနော် ထယ်ကုရဲ့အသက်က6နှစ်ရှိနေပြီး ပါပါးအဲ့လိုပြောနဲ့"

ထယ်ယောင်းအသဲယားစွာဖြင့် သကောင့်သား၏ဆံပင်တွေကိုဖွပေးလိုက်တော့ ထိုကလေးက အပုတ်မခံ။ ဒေါသကကြီးပြီး စိတ်ကလည်းမရှည် သူ့ဒယ်ဒီနဲ့တစ်ပုံစံတည်းပင်။

"ဟိုးမှာ သားဒယ်ဒီပြန်လာပြီး"

စတော်ဘယ်ရီခြင်းလေးကိုကိုင်ကာကားပေါ်မှဆင်းလာသောဒယ်ဒီကိုမြင်တော့ ထယ်ကုလေးမှာအပြေးအလွှားပင်။ ဒယ်ဒီကလည်း လက်နှစ်ဖက်ကိုကမ်းပေးပြီးကြိုဆိုသည်။

"ဝူးးးးဝူးးးးး ဒယ်ဒီ့ကိုလွမ်းနေတာ..."

သကောင့်သားကအရှိန်ဖြင့်ပြေးသွားသော်လည်း သူ့ဒယ်ဒီက သူ့အားရှောင်ကွင်းကာ ပါပါးကိုသာပွေ့ဖက်ပြီး အငမ်းမရနမ်းနေတာကိုမြင်တော့ ထယ်ကုအသာမျက်မှောင်ကြုတ်လိုက်မိသည်။

"ရားးးးဒယ်ဒီ!! ထယ်ကုကဒီမှာလေလို့"

သူ့ကိုယ်သူလက်ညိုးထိုးပြပြီးမကျေမနပ်ဖြစ်နေတဲ့သားဖြစ်သူကြောင့် ဂျောင်ကုနှင့်ထယ်ယောင်းမှာသဘောတကျပြုံးလျှက်။

"အေ့နော် ဒယ်ဒီမေ့သွားတယ် လာပါအုံး ဒယ်ဒီ့ရဲ့ထယ်ကုလေး"

"ဟမ့်!"

လက်ကိုပိုက်ပြီး နှုတ်ခမ်းကိုဆူထားကာ တစ်ဖက်သို့လှည့်ပြီး စိတ်ကောက်ဟန်ပြုနေသည်။ လက်တောက်လောက်လေးက တကယ့်ကိုအတတ်ကလေး။

"မနက်ဖြန် ဒယ်ဒီကကျောင်းသွားအပ်ပေးမယ်လေ ထယ်ကုလေးကျောင်းတက်လို့ရပြီး"

"ဟမ်း တကယ်ကြီးလား"

"တကယ်ပေါ့ကွ"

"ရေးးးးးး"

Loading.. [COMPLETE]Where stories live. Discover now