<Unicode>
ညီဖြစ်သူဆေးရုံတင်ထားရသည်ဆိုသည့်အသိကြောင့် ဘိုဂမ်တစ်ယောက်ပြာယာခပ်နေသည်။သွေးသားချင်းမတော်စပ်သော်ငှား ယောင်းငယ်
ကို သူတို့တစ်မိသားစုတစ်စုလုံးက မထိရက်မကိုင်ရက် ဖူးဖူးမှုတ်ထားသည်မှာ လူတိုင်းအားကျရလောက်တဲ့အထိပင်။"ဆရာ ယောင်းငယ်ဘယ်လိုနေသေးလည်"
"ခဏနေရင်နိုးလာမှာပါ သူ့အနေနဲ့pressureတွေတအားများပြီး လူကလည်းအားနည်းနေတာကြောင့် ခုလိုဖြစ်သွားတာပါ စိုးရိမ်စရာတော့သိပ်မရှိပါဘူး"
"ဒါဆိုဆရာ့ကိုကျေးဇူးတင်ပါတယ်"
ဘိုဂမ် ညီဖြစ်သူ၏လက်ကိုကိုင်ကာ နဖူးပေါ်ဝဲနေသောဆံပင်များအားသပ်ပေးလိုက်သည်။
ဟိုဆော့လေးပြောပြတာကိုနားထောင်ရသလောက်ကတော့ ယောင်းငယ်နှင့် ဂျောင်ကု၏ဆက်ဆံရေးမှာအဆင်မပြေသည့်ပုံပင်။
ဂျောင်ကုဘာကြောင့်ခုလိုလုပ်မှန်းမသိပေမဲ့ ယောင်းငယ်အနေနဲ့ တော်တော်လေးဝမ်းနည်းသွားလောက်သည်။
"နိုးလာပါတော့ ယောင်းငယ်ရာ မင်းခုချိန်မှနိုးမလာရင် ဖေဖေနဲ့မေမေက ငါ့ကိုသတ်တော့မှာကွ"
"ကျွန်တော်နိုးနေတာကြာပါပြီး.."
တိုးဖျော့ဖျော့အသံဖြင့်ပြောလာသည့် ညီဖြစ်ကြောင့် ဘိုဂမ်ထခုန်မိမတတ်ပျော်သွားသည်။
"ယောင်းငယ် အဆင်ပြေရဲ့လား ခေါင်းမူးသေးလား ကိုကို့ကိုပြော"
"ကျွန်တော်အဆင်ပြေပါတယ်ကိုကိုရ ဒီတိုင်းဆေးရှိန်ကြောင့် အိပ်ပြောနေတာ ဒါနဲ့ဆော့ကီလေးရော"..
"သူ့အိမ်ကလာခေါ်သွားတယ် "
"အာ...."
အိမ်တော်အတွင်းဖြစ်သွားတာကြောင့် မီဒီယာတွေ သတင်းထောက်တွေမရှိတာက ကံကောင်းသွားသည်။
ဆော့ကီလေးက လူအများကြားတွင်သူ့ကိုဆင်းကယ်လိုက်တာကြောင့် အနည်းနဲ့အများတော့ လူပြောစရာဖြစ်နေတာပင်။
ညနေစောင်းတော့ထယ်ယောင်းဆေးရုံကနေဆင်းလာခဲ့သည်။ သူ့အနေနဲ့လည်းဆုံးဖြတ်ချက်တစ်ခုချပြီး နှုတ်ထွက်စာတင်ရန်ဆုံးဖြတ်လိုက်သည်။
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...