<Unicode>
"ငါအသက်ရှင်နေရတဲ့တစ်ခုတည်းသောမျှော်လင့်ချက်လေး..."မှောင်မဲနေသောအခန်းလေးထဲမှာ
လူတစ်ယောက်ဟာ
ဓာတ်ပုံလေးတစ်ပုံကိုဖက်ပြီးငိုနေခဲ့တယ်။ယောကျာ်းတန်မဲ့ကို
ရှိုက်ကြီးတစ်ငင်နဲ့ငိုနေခဲ့တာ။
ယူကြုံးမရသော ခံစားချက်တစ်ချို့ကို
ထွေးပိုက်ရင်း အော်ဟစ်သောင်းကျန်းနေခဲ့တာ။"အကုန်ကိုယ့်အမှားတွေ
ကိုယ့်အမှားတွေ!!!"နံရံထက်ချိတ်ထားသောအလှဆင်ပစ္စည်းများ
နာရီများကိုပစ်ခွဲရင်း
သောင်းကျန်းနေခဲ့သည်မှာ
တစ်ပတ်ပင်ရှိခဲ့ပြီ။"ငါမိသားစုလေးတစ်စုကိုလိုချင်ခဲ့ရုံ..."
အသံမှာတိုးလိုက်ကျယ်လိုက်ဖြင့်
အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။
နီရဲနေသောမျက်ဝန်းတစ်စုံက
တစ်ချက်တစ်ချက်စူးရှလာသည်။ထူးဆန်းစွာဖြင့် ဂျော်နီမှာ ကိစ္စတွေဖြစ်ပြီးနောက်ပိုင်း..
ရုတ်တရက်ပျောက်ကွယ်သွားသည်။
သတင်းအစအနပင်မရတော့။
ကိုယ့်ကိုကိုယ်သတ်သေသွားသလို
မဟုတ်မမှန်သတင်းတစ်ချို့မှာလည်း
ပေါ်ထွက်လာသည်။"ကျွန်တော့်ကိုခေါ်တယ်ဆိုလို့"
"အဖေပြောစရာရှိလို့ "
"မြန်မြန်ပြော ကျွန်တော်အစည်းအဝေးရှိသေးတယ်"
"ကင်မ်ထယ်ယောင်းကိုရှာတွေ့ပြီ"
ဖေဖေ့၏စကားကြောင့် မိနစ်ပိုင်းခန့်
မင်သက်သွားမိတယ်။
Honeyကိုတွေ့ပြီးတဲ့လား။
ဖေဖေက Honeyကိုပြန်ရှာတွေ့ပြီးတဲ့လား!?"တ..တကယ်လာ ဒါဆို ခုချက်ချင်းသူ့ဆီသွားမယ်!"
ရုတ်တရက်ထရပ်လိုက်သောသားဖြစ်သူကြောင့်
ဂျွန်သခင်ကြီးမှာ ရင်ဘတ်ပင်ဖိမိသွားသည်။
တကယ်လည်းဆေးမမှီတော့တဲ့ကောင်။"အခုတော့မရသေးဘူး"
"ဘာဖြစ်ပြန်တာလည်းဖေဖေရာ..
သားကိုခုချက်ချင်းသူ့ဆီခေါ်သွားပေး!!!""ခေါ်ပေးမယ် ဒါပေမဲ့ အချိန်ယူရမယ်"
"ဖေဖေ မညစ်နဲ့!!
ကျွန်တော်စိတ်မရှည်တော့ဘူးနော်!!"
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...