<Unicode>
နိုးလာကတည်းက နတ်ဆိုးကောင်CEOမသိအောင်တိတ်တိတ်လေးပြန်လာလိုက်တာမို့ လက်ရှိတိုက်ခန်းတွင် တစ်ယောက်ထဲလုံးလည်ချာလည်ဖြစ်နေသည်။ရေခဲသေတ္တာကိုဖွင့်လိုက်တော့လည်း ကြက်ဥတစ်လုံးကလွှဲဘာမှမရှိ။
စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ်ထိုင်ချပြီး ခေါက်ဆွဲပြုတ်စားရန်သာစဥ်းစားရတော့သည်။
မနေ့ကအဖြစ်အပျက်များကခေါင်းထဲအလုံးအရင်းဝင်လာသည်နှင့်အမျှ အတွေးများက ဟိုတစ်စဒီတစ်စ။
စားလက်စခေါက်ဆွဲညှပ်ထားသောတူတစ်စုံမှာလည်း လေထဲမှာပင် တုန့်ခနဲ။
"ဂျောင်ကုသူတို့ကိုမသတ်လောက်ဘူးမလား"
ကိုယ့်ကိုကိုယ်ပြန်မေးရင်း ခေါင်းအားရမ်းလိုက်သည်။ သူဘာတွေလျှောက်တွေးနေမိတာပါလိမ့်။
"မလုပ်လောက်ဘူးထင်တာပဲ"
ခေါက်ဆွဲပြုတ်အား ပြန်စားရန်ပြင်တော့ တင်းခနဲ့ ဝင်လာသော messageကြောင့် ဖုန်းအားလှမ်းယူလိုက်သည်။
/Hyung ကျွန်တော်အခုHyungအိမ်ရှေ့မှာ/
တစ်ခါမှမမြင်ဖူးသော နံပါတ်ဖြစ်တာကြောင့် ထယ်ယောင်း ပြတင်းပေါက်ကနေခေါင်းထွက်ကြည့်လိုက်သည်။
ကားအနီရောင်လေးကိုရပ်ပြီး သူ့အားလက်ပြနေသည့်ဂျောင်ဟိုဆော့ဆိုသောကောင်လေး။
ထယ်ယောင် စားလက်စအား ထားခဲ့ကာ တိုက်ခန်းအောက်ဆင်းခဲ့လိုက်သည်။
"ဒီနေ့ရာသီဥတုသာယာနေလို့ ကျွန်တော်Hyungကိုတစ်နေရာသွားရအောင်လာခေါ်တာ"
နေမင်းကဲ့သို့တောက်ပသောအပြုံးကိုဆင်မြန်းထားတဲ့ထိုလူငယ်လေးက အဖြူရောင် T shirtနဲ့တောင်မှ လွန်စွာမှသန့်ပြန့်နေသည်။
အဖြူရောင် ဆံပင်လေးတွေက လေထဲမှာတစ်လွှင့်လွှင့်။
"ဟိုဆော့ကီက hyungကိုလာခေါ်တာလာ"
ထိုကောင်လေးက ခေါင်းတဆတ်ဆတ်ငြိမ့်တော့ ထယ်ယောင်းက သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...