Unicode
ဌက်ပုံစံရေးဆွဲထားသည့် စွန်တစ်ခုကို လက်ထဲမှာကိုင်ထားသည့် ထိုကလေးက ရှောင်းကျန့်အနီးသို့ပင်လျှောက်လာကာ ...
"ဦးဦးရှောင်း...ကျွန်တော်တို့ စွန်အတူတူလွှတ်ရအောင်လေ...နော်..သားတစ်ယောက်တည်း ပျင်းလို့ပါ..."
လက်ဖဝါးတစ်ဖက်ကိုလာကိုင်သည့်
ထိုကလေးကြောင့် ရှောင်းကျန့်လက်ကို
ခါထုတ်လိုက်တော့ ထိုကလေးကို
ဆောင့်တွန်းသလိုဖြစ်သွားကာ မြေပြင်ပေါ်ထိုင်လျက်သား ကျသွားလေတော့သည်။"အင့်..."
"ရှောင်းယွမ်..."
ငိုမဲ့မဲ့ဖြစ်နေသည့် ထိုကလေး၏နာမည်
ခေါ်ကာ အပြေးရောက်လာသော ရှောင်းအယ်က...."တောင်းပန်ပါတယ် သခင်လေး...ကျွန်မ
သူ့ကို မြန်မြန်ခေါ်သွားလိုက်ပါ့မယ်..."ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ကို မနိုင့်တနိုင်ချီရင်း ရှောင်းအယ်တစ်ယောက် ရှောင်းသခင်လေးရှေ့က အမြန်ထွက်လာခဲ့တော့သည်။
ရှောင်းကျန့် သူ့ရှေ့မှာ ကျကျန်နေခဲ့သော
စွန်လေးကို ကောက်ယူလိုက်ရင်း..."စွန်လွှတ်တမ်း ကစားတာလား..."
..............,. .........
ရိပေါ် လျှော်ထားသော ကုတ်အကျီကို အဝတ်အိတ်ထဲထည့်လိုက်ပြီး... တိုက်ခန်းတံခါးကို
ဖွင့်ကာ ထွက်လာခဲ့လိုက်သည်။
.
.
.
ကုမ္ပဏီဥက္ကဌနှင့်တွေ့ရဖို့က တကယ်ခက်ခဲတာပဲ...။
ရိပေါ် သူအချိန်အကြာကြီး မဖြုန်းချင်တော့တာနဲ့ပဲ...စာတိုလေးရေးကာ ထိုအကျီအိတ်လေးထဲညှပ်ထည့်လိုက်ပြီး အတွင်းရေးမှူးရုံးခန်းဆီပို့ပေးဖို့ တောင်းဆိုကာ ထားခဲ့လိုက်တော့သည်။ဒီနေ့မဟုတ်တောင် နောက်ရက်တွေ
ကလပ်မှာ တွေ့နိုင်သေးတာပဲ...။အရမ်းကြီး
စိတ်လောစရာတော့ မလိုပါဘူးလေ...။
....................ရှောင်းကျန့် အစည်းအဝေးပြီးသွားလို့
အခန်းထဲပြန်ရောက်ချိန်မှာ စားပွဲပေါ်တင်ထားသော အထုပ်တစ်ထုပ်ကြောင့် အတွင်းရေးမှူးဖြစ်သူကို ခေါ်မေးလိုက်သည်။
.
.
.
YOU ARE READING
Revenge(Completed)
Fanfictionသူကပြောတယ် တခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ရှောင်းကျန့် သူကပြောတယ် တစ်ခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ...