Ep(19)

149 11 2
                                    

Unicode

စက်ပိတ်ထားသည်ဆိုသောအဖြေသာကြားရသောဖုန်းကြောင့် ဆောက်တည်ရာမဲ့စွာဖြင့် ယောက်ယက်ခတ်နေသော ရိပေါ်ကို ကျုံးဝူရိလည်း..

"ရိပေါ်...နည်းနည်းလောက်စိတ်အေးအေးထား..ကောတို့ သေချာစဥ်းစားကြည့်ရအောင်.."

ဝူရိကောစကားကြောင့် ရိပေါ် မျက်ဝန်းတို့ကို စုံမှိတ်ကာ စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်သည်။
.
.
"ခြေရာခံစက်...ဟုတ်တယ် ခြေရာခံစက်ရှိတယ် ဆွဲကြိုးမှာ.."

"အဲ့ဒါက သူဖြုတ်လိုက်ပြီထင်တယ် ရိပေါ်...
ကောကြည့်ပြီးပြီ.."

ဝူရိကော စကားကြောင့် ရိပေါ် လည်း...
ကုတင်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း...

"ရှောင်းကျန့်...သူဘယ်အချိန်ကတည်းက
စသိနေခဲ့တာတဲ့လဲ..အကုန်လုံးကိုသိနေခဲ့တာလား.."

ရိပေါ်၏အကြည့်တို့က ရှောင်းကျစ်ရုံဆီမှာမို့
ဝူရိလည်း ထိုမေးခွန်းကိုဝင်မဖြေပေးတော့ပဲ ဒီတိုင်းသာ အခန်းအပြင်ကို ရှောင်ထွက်ပေးလာခဲ့သည်။
အခန်းအပြင်ရောက်ကာမှ ဝူရိလည်း စီးကရက်တစ်လိပ်ကိုထုတ်ကာ မီးညှိလိုက်သည်။
အခုချိန်ထိ ဝူရိ သူလုပ်နေတဲ့အရာတွေကို သူကိုယ်တိုင်တောင် နားမလည်နိုင်သေးဘူး...။
ဆယ်နှစ်ကျော်လုံးဖမ်းနိုင်ဖို့ ကြိုးစားခဲ့တဲ့ တရားခံက သူ့တူအရင်းတဲ့လား..။
ဘယ်လိုတောင် အကျင့်မကောင်းလိုက်တဲ့လောကကြီးလဲ....။

အခုချိန်ထိကြိုးစားလာခဲ့သမျှအားလုံးက သူ့ရဲ့တစ်ဦးတည်းသောသွေးသားကို ထောင်ထဲပို့ဖို့အတွက်တဲ့...။
ဘာတွေဘယ်လိုစမှားခဲ့တယ်ဆိုတာ ဝူရိမသိပေမဲ့..အားလုံးကရှောင်းကျစ်ရုံအစပြုခဲ့တဲ့ကိစ္စတွေပဲ....။
ရှောင်းကျန့်တစ်ခုခုဖြစ်ရင် ခင်ဗျားကို ကျွန်တော်ကိုယ်တိုင်သတ်မှာ ရှောင်းကျစ်ရုံ..။
သူများသားသမီးကို မှားယွင်းစွာပျိိုးထောင်ခဲ့တဲ့ခင်ဗျားကို ကျွန်တော်တကယ်သတ်မှာ...။

......................

"မင်းတို့နှစ်ယောက် ဖေရှီးဆိုတဲ့လူကို
လာကယ်တဲ့ညက သူသိသွားတာ..မင်းကအကြံအစည်ကြောင့် သူ့ကိုချဥ်းကပ်ခဲ့တယ်ဆိုတာကို..."

Revenge(Completed)Where stories live. Discover now