Unicode
အရေးပေါ်ခွဲစိတ်ခန်းထဲ ဝင်ခါနီးအချိန်ထိ ရှောင်းကျန့်လက်တစ်ဖက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော ရိပေါ်ကြောင့် သူနာပြုများမှာ
ရိပေါ်လက်ကို အတင်းပင်ဆွဲဖြုတ်ခဲ့လိုက်ရသည်။အရေးပေါ်အခန်းတံခါးကိုမှီကာ ခွေထိုင်နေသော ရိပေါ်ဆိုသည့်ကောင်လေးအခြေအနေက အသိစိတ်လွတ်ချင်ချင်မို့ ရှောင်းကျစ်ရုံလည်း နောက်ကနေ ရောက်လာသော
သူ့လူများကို ဆရာဝန်သွားခေါ်ခိုင်းလိုက်ရသည်။
.
.
ဘယ်လိုစိတ်ကူးနဲ့များ ကျွန်တော်ခင်ဗျားကို သတ်နိုင်မယ်လို့ တွေးခဲ့ရတာလဲ ရှောင်းရယ်။
အခုလိုမျိုး ခင်ဗျားလုပ်လိုက်တော့ရော ကျွန်တော်က ပျော်ပြီး ကျေနပ်သွားရောတဲ့လား....။
ဘာလို့ အမြဲတမ်း ခင်ဗျားလုပ်ချင်တာ
လုပ်ပစ်ရတာလဲ.....။သေချာပေါက်အသက်ရှင်ပေးပါ....
ခင်ဗျားသာမရှိရင် ကျွန်တော်လည်း ခင်ဗျားနောက်လိုက်လာမှာ...ရှောင်း...။.
.
သွေးတွေနဲ့ပေကျံနေကာ ဆေးရုံကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်တုပ်ကာ ငြိမ်ငြိမ်လေးထိုင်နေရင်း မျက်ရည်တွေသာ တွေတွေစီးကျနေသော ရိပေါ်ကို ရောက်လာသောဆရာဝန်က တစ်ချက်လှမ်းကြည့်လိုက်ရင်း...
ရှောင်းကျစ်ရုံပြောသောစကားကို ခေါင်းညိတ်ပြလိုက်သည်။
.
.
ရုတ်တရက် လည်ပင်းဆီက စစ်ကနဲနာကျင်မှုကို ခံစားလိုက်ရပြီးနောက်မှာတော့ ရိပေါ်၏ အသိစိတ်လွတ်ခါနီးစိတ်တို့က လုံးဝ
အမှောင်ကျကာ သတိလစ်သွားတော့သည်။
.
.
.ပတ်ပတ်လည် မြင်ကွင်းအားလုံးက
နှင်းဆီခင်းချည်းပဲမို့ ရှောင်းကျန့်
သူရောက်နေသောနေရာကို သဘောကျသွားသည်။နီရဲနေသော နှင်းဆီပန်းခင်းကြီးထဲမှာ
တစ်ကိုယ်လုံး အဖြူရောင်ကိုသာ
ဝတ်ဆင်ထားသော ရှောင်းကျန့်က
ပုံပြင်ထဲက နတ်သားလေးတစ်ပါးလိုပင်
ကြည့်ကောင်းလှပေသည်။"ရှောင်း..."
လှပစွာပွင့်နေသော နှင်းဆီနီတစ်ပွင့်ကို
နမ်းနေသည့်ရှောင်းကျန့်က အဝေးမှာ
ကြားရသော ဝမ့်အသံကြောင့်...."ဝမ်.."
နှင်းဆီပင်တွေက ခါးလောက်ပဲအမြင့်ရှိပေမဲ့ ရှောင်းကျန့်ဝမ့်ကို မမြင်ရသေးပေ။
YOU ARE READING
Revenge(Completed)
Fanfictionသူကပြောတယ် တခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ရှောင်းကျန့် သူကပြောတယ် တစ်ခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ...