Ep(20)

167 11 2
                                    

Unicode

      "ဘာပြောတယ်...အင်း ငါသိပြီ.."

"ရှောင်းကျစ်ရုံ..ရှောင်းကျန့်သတင်းသိရပြီ.."

ကျုံးဝူရိစကားကြောင့် ရှောင်းကျစ်ရုံလည်း...

"ဘယ်သူဆက်တာလဲ..."
"အရင်အလုပ်လုပ်ခဲ့တဲ့ မြို့ကစီနီယာ
ဆက်တာ.."
.
.
.
ရှောင်းကျစ်ရုံက ကားရော ဒရိုင်ဘာပါ
ပါလာခဲ့တာမို့...

"တက်လေ...မင်းရဲ့ကားက ဟိုကောင်လေးဌားသွားပြီ မလား.."

အခုချိန်မှာ ရှောင်းကျန့်ကပိုအရေးကြီးတာမို့
ဝူရိလည်း စောဒကမတက်တော့ဘဲ
ရှောင်းကျစ်ရုံကားပေါ်ပဲ တက်လိုက်သည်။
.
.
"ရှောင်းကျန့်က မူးယစ်ဆေးရောင်းဝယ်မှုနဲ့ပတ်သတ်တဲ့ ဝန်ခံစာကို ရဲစခန်းဆီပို့ခဲ့တယ်တဲ့...ပြီးတော့ သူပြောထားတာ..လွန်ခဲ့တဲ့ဆယ်နှစ်က သေဆုံးသွားခဲ့တဲ့ဝမ်ရိခွမ်းနဲ့ သူ့ရဲ့မားကိုလည်း သတ်ခဲ့တယ်ဆိုတဲ့အကြောင်း.."

ကျုံးဝူရိပြောသမျှကို ငြိမ်သက်စွာနားထောင်နေသည့် ရှောင်းကျစ်ရုံက...

"သူက မနေ့ကတည်းက ကုမ္ပဏီဥက္ကဌရာထူးကနေ ထွက်စာတင်သွားတယ်တဲ့...ငါ့ဆီလည်း ခုနကမှ အတွင်းရေးမှူးက အကြောင်းကြားလာတာ..
သူသေချာစီစဥ်ထားခဲ့တာပဲ..ဒီနေ့အတွက်.."

"ရှောင်းကျစ်ရုံ အဲ့ဒီစကားကို ခင်ဗျားက ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ ပြောထွက်နိုင်သေးတယ်လား...ဘာလဲ ရှောင်းကျန့်က ခင်ဗျားသွေးသားမဟုတ်တော့ ဘာဖြစ်ဖြစ် ဂရုစိုက်စရာမလိုဘူးဆိုတဲ့သဘောလား..."

"ကျုံးဝူရိ...သူက မင်းရဲ့တူဆိုပေမဲ့ မင်းသူ့အကြောင်းကိုသေချာမသိပါဘူး...
ရှောင်းကျန့်က သူလုပ်မယ်ဆိုရင် သေချာပေါက် မဖြစ်ဖြစ်အောင်လုပ်မဲ့သူ...
သူ့ကို ဘယ်သူမှတားလို့မရဘူး.."

"ဘာပဲဖြစ်ဖြစ် ရှောင်းကျန့်တစ်ခုခုဖြစ်ရင် ခင်ဗျားကို ကျွန်တော်သတ်မှာ.."

"အဲ့ဒီအချိန်ကျမှငါတို့ဆက်ပြောကြတာပေါ့.."
................................

ဆယ်နှစ်ကြာမှ ပြန်ခြေချမည့်ခြံဝန်းထဲကို
ရိပေါ်လှမ်းသွားဖို့ရာ မဝံ့မရဲဖြစ်နေမိသည်။
သူ့ရဲ့ကောင်းမွန်တဲ့အမှတ်တရအားလုံးကိုဖျက်ဆီးပစ်ခဲ့တဲ့ အဲ့ဒီနေ့ရက်....။
ပြီးတော့ အဲ့ဒီနေ့ရဲ့နတ်ဆိုးက အိမ်ထဲမှာ
ရှိနေသည်။ဒါပေမဲ့ အဲ့ဒီနတ်ဆိုးက ရိပေါ်
ချစ်ရတဲ့သူ....။
.
.
.
"ဒေါက်..ဒေါက်"

Revenge(Completed)Where stories live. Discover now