Unicode
"ငါတို့ ဘယ်တော့လက်ထပ်ကြမလဲဟင်..
ငါကတော့ နင်နဲ့မြန်မြန်လက်ထပ်ပြီး ငါတို့
နှစ်ယောက်ရဲ့ကလေးလေးတွေမွေးချင်တာ.."ထင်ချူးအာ၏စကားကို အဖက်မလုပ်ပဲ
စားလက်စ ခေါက်ဆွဲကိုသာ အေးအေးဆေးဆေးဝါးနေသော
ရှောင်းကျန့်က ထင်ချူးအာကို
တစ်ချက်ကလေးတောင်မကြည့်ဘဲ
မျက်လုံးတို့က စားပွဲပေါ်မှာတင်ထားသော ဖုန်းဆီမှာသာ....။သူမကို အဖက်မလုပ်ပဲ ဖုန်းဆီကိုသာ
ကြည့်နေသောရှောင်းကျန့်ကိုကြည့်ရင်း
ထင်ချူးအာလည်း ...."ရှောင်း"
"အဲ့လိုမခေါ်နဲ့"အခုမှ သူမအပေါ်ကို အာရုံရောက်လာသည့် ရှောင်းကျန့်ကြောင့်...
"နင်မှငါ့ကိုမကြည့်တာ..အခုငါနဲ့နင်က
ချိန်းတွေ့နေတာလေဟာ..
နည်းနည်းပါးပါးတော့ ငါ့ကိုအဖက်လုပ်ဦးမှပေါ့.."အလယ်တန်းကျောင်းသူဘဝကတည်းက တိတ်တခိုးကြိတ်ကာ သဘောကျခဲ့ရသူမို့ ..
သူမအတွက်တော့ ရှောင်းကျန့်
ဆိုသူ၏အာရုံစိုက်မှုလေး အနည်းငယ်ရရင်ကို ကျေနပ်နေတတ်ပါသည်။"ရှောင်း"
"ထင်ချူးအာ"
သူ မကြိုက်သည့်နာမည်ကိုခေါ်လို့
စိတ်တိုသွားသည့်ရှောင်းကျန့်ကို ချူးအာလည်း မျက်နှာချိုသွေးကာ ပြုံးပြရင်း..."မခေါ်တော့ဘူး..ထပ်မခေါ်တော့ဘူးမလို့
ငါ့ကိုစိတ်မဆိုးပါနဲ့...""ပြန်ကြရအောင်..ငါ့ဒရိုင်ဘာက နင့်ကို
အိမ်ပြန်လိုက်ပို့ပေးလိမ့်မယ်...""ရှောင်းကျန့်..နင်ငါ့ကို ပြန်လိုက်ပို့
ပေးပါ့လား.."ချူးအာ စကားအဆုံးမှာ စားပွဲပေါ်က
ဝိုင်ပုလင်းကို မော့သောက်လိုက်သည့်
ရှောင်းကျန့်ကြောင့် ချူးအာခမျာ အံ့အားသင့်သွားရသည်။"ငါက ဝိုင်သောက်ထားလို့ နင့်ကိုပြန်လိုက်ပို့ပေးလို့မရဘူး.."
"ဒါပေမဲ့လည်း ငါတို့ ကားတစ်စီးထဲအတူတူသွားလို့ရတယ်လေ..."
"ငါသွားစရာရှိသေးတယ်...ညစာအတွက် ငါပဲရှင်းလိုက်မယ်...နင်စားလို့ပြီးသွားရင်
ငါ့ဒရိုင်ဘာဆီဖုန်းလှမ်းဆက်လိုက်.."
.
.
.
သူ့ရင်ထဲမှာ ကိုယ့်အတွက်နေရာ
တစ်နေရာစာတောင်မရှိမှန်းလည်း သူမ
သိပါသည်။ဒါပေမဲ့ ဘယ်လိုလုပ်ပါ့
မလဲ...သူမကလည်း ရှောင်းကျန့်ဆိုသည့်
အေးစက်သည့်နှလုံးသားပိုင်ရှင်ကိုမှ ချစ်မိနေသည်လေ...။
YOU ARE READING
Revenge(Completed)
Fanfictionသူကပြောတယ် တခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ရှောင်းကျန့် သူကပြောတယ် တစ်ခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ...