Unicode
"ရှောင်း... ဒါလေးယူသွားပေးပါ့လား.."
ဝမ်ပေးသော အိတ်ကို ယူကာကြည့်လိုက်မိတော့ ဘောလုံးအသစ်တစ်လုံး...။
ရှောင်းကျန့် သဘောမကျသည့်မျက်နှာနှင့်
ဝမ့်ကိုကြည့်လိုက်တော့ ဝမ်က အချိုမြိန်ဆုံးပြုံးပြလာပြန်သည်။"မနေ့က အားယွမ်ရဲ့ဘောလုံးကို
ရှောင်းဖျက်စီးခဲ့တယ်လေ...အဲ့ဒါအတွက် ကျွန်တော်စိတ်မကောင်းလို့...ရှောင်းယူသွားပြီး ပေးပေးမယ်မလား...""ဝမ်... မင်းသူ့အပေါ်အာရုံစိုက်တာများလွန်းနေပြီနော်..."
"ရှောင်းကလည်း.. ဒါလေးယူသွားပေးရုံပဲကို...ဒါမှမဟုတ်..အားယွမ်ကိုအပြင်ခေါ်လာခဲ့ပါ့လား...ကျွန်တော်ကိုယ်တိုင်သူ့ကိုပေးလိုက်မယ်လေ..."
.
.
ရိပေါ်စကားမှာ အင်းအဲမလှုပ်သည့် ရှောင်းက"ကောင်းပြီလေ...နောက်ဆုံးအနေနဲ့ တွေ့ချင်လည်း တွေ့ပေါ့..."
ရှောင်းကျန့်ပြောသော စကားတို့ကြောင့်
ရိပေါ်လည်း..."ရှောင်း...ဘယ်လိုပြောလိုက်တာလဲ...နောက်ဆုံးတဲ့လား..."
ဝမ်ရဲ့အလန့်တကြားမေးသံကြောင့်
ရှောင်းကျန့် စိတ်မရှည်စွာဖြင့်..."သိပ်မကြာခင် သူ့ဦးလေးဆီပို့ပေးတော့မှာ...အဲ့ဒါကြောင့် အခုက နောက်ဆုံးတွေ့ရတာလည်း ဖြစ်သွားနိုင်တယ်လေ.."
"အားယွမ်ကို သူ့ဦးလေးဆီပို့မယ်ဟုတ်လား...
ဘာလို့ အားယွမ်ကို သူ့မိဘတွေဆီမပို့ဘဲ
ဦးလေးဆီပို့ရတာလဲ..."ရိပေါ်အမေးစကားကြောင့် စိတ်မရှည်ပုံပေါက်လာသည့် ရှောင်းကျန့်က..
"သူ့မိဘတွေမရှိတော့ဘူး...သေသွားပြီ.."
ရှောင်းကျန့်စကားအဆုံးမှာ ရိပေါ်အတွေးထဲရောက်လာသည့် အတွေးတချို့ကြောင့်
ကုမ္ပဏီအလုပ်ချိန်ဆိုတာကိုပင် သတိမရတော့ဘဲ ရှောင်းကျန့်ထိုင်နေသည့် ဆုံလည်ကုလားထိုင်နားထိသွားရပ်ကာ
ထိုင်ခုံမှာထိုင်နေသော ရှောင်းကျန့်ကို
ငုံ့မိုးကြည့်ရင်း...."ရှောင်း...အဲ့ဒီကလေးက တကယ် ဘယ်သူ့ကလေးလဲ... သူ့နာမည်မှာ ဘာလို့မျိုးရိုးနာမည်က ရှောင်းဖြစ်နေတာလဲ..."
YOU ARE READING
Revenge(Completed)
Fanfictionသူကပြောတယ် တခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ရှောင်းကျန့် သူကပြောတယ် တစ်ခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ...