Unicode
"ဒါက ဘာသဘောလဲ ရှောင်းကျန့်.."
ရှောင်းကျစ်ရုံ သူ့လက်ထဲက စာရွက်ကိုပြပြီးရှောင်းကျန့်ကိုမေးလိုက်သည်။
"ပါးဖတ်ပြီးပြီမလား..."
"သေချာပြီလား မင်း...."
"အင်း..ကျွန်တော်သေချာတယ်..ဘာပဲဖြစ်ဖြစ် ရဲတွေလိုချင်တဲ့ တရားခံတစ်ယောက်တော့ ကျွန်တော်တို့ပေးရမယ်လေ..တခြားသူတွေထက် ကျွန်တော်က အသင့်တော်ဆုံးပဲ...
ဒါ့ကြောင့် ဒီတစ်ခါအရောင်းအဝယ်မှာ ပါး
ဝင်မပါပါနဲ့..."". ..."
"ကျွန်တော် ထင်ချူးအာနဲ့ချိန်းထားလို့...
သွားလိုက်ဦးမယ်..."အခန်းထဲက ထွက်သွားသည့် ရှောင်းကျန့်ကို ရှောင်းကျစ်ရုံ မျက်စိတဆုံးလိုက်ကြည့်နေရင်းက.....ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီး...
"ငါ့ကို ကျုံးဝူရိနဲ့တွေ့ဖို့ စီစဥ်ပေး.....
..............................
"ချူးအာ...ငါနင့်ကို အကူအညီတောင်းစရာရှိတယ်..."
ရှောင်းကျန့်ဆီက အကူအညီဆိုသည့်စကားကြားတာနှင့် ချူးအာတစ်ယောက် ပုတ်သင်ညိုလေးလို ခေါင်းကို တဆတ်ဆတ်ညိတ်ပြရင်း...
"အင်း..ငါကူညီပေးမယ်...ဘယ်လောက်
ခက်ခက် ရအောင်လုပ်ပေးမယ်.."ဘာကိစ္စမှန်းတောင်မသိဘဲ ခေါင်းတွေညိတ်ပြီး အာမခံနေသည့် ထင်ချူးအာကိုကြည့်ရင်း
"ကျေးဇူးပါ ချူးအာ..ငါနဲ့နင် ဒီထက်အရင်ငယ်ငယ်ကတည်းက သိခဲ့ကြရင် ပိုကောင်းမှာ..အဲ့ဒါဆို နင်က ငါ့ရဲ့သူငယ်ချင်းကောင်းတော့ ဖြစ်နိုင်မယ်ထင်တယ်.."
....................
"ဦးဦးရှောင်း..."
သူ့ရဲ့အခန်းထဲထိ ရောက်လာသော
ရှောင်းကျန့်ကိုကြည့်ရင်း ရှောင်းယွမ်
တစ်ယောက် အံ့သြစွာဖြင့် ကြောင်ကြည့်နေမိသည်။ရှောင်းကျန့်လည်း အခန်းကို တစ်ချက်ဝေ့
ကြည့်ရင်း ထိုင်ခုံလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်သည်။အခုချိန်ထိ မတ်တပ်ရပ်ပြီး ရှောင်းကျန့်ကိုသာ လိုက်ကြည့်နေသည့် ရှောင်းယွမ်
ကြောင့်..
YOU ARE READING
Revenge(Completed)
Fanfictionသူကပြောတယ် တခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ရှောင်းကျန့် သူကပြောတယ် တစ်ခြားသူကြောင့် ကျွန်တော်ထိခိုက်နာကျင်နေမှာကို မကြိုက်ဘူးတဲ့...။ ...