Revenge

205 5 9
                                    

Unicode

    ကိုယ့်အရေးအသားမကောင်းမှန်းသိလို့
ဒီဇာတ်လမ်းထဲက တချို့အကြောင်းအရာလေးတွေကိုရှင်းပြချင်လို့ပါ😁

ဒီထဲမှာ ရှောင်းကျန့်က ရိပေါ်တစ်ယောက်တည်းကိုပဲချစ်ခဲ့တာပါ။
ရှောင်းမေက သူခင်တွယ်တဲ့သူ..သူ့အပေါ်ကောင်းပေးလို့ သဘောကျတာ
အဲ့လိုမျိုးလေးပါ။
ဒါ့ကြောင့်လည်း ရှောင်းကျစ်ရုံက သူလိုချင်ရင် အတင်းအကြပ်ပေါင်းသင်းလိုက်လို့ရတယ်လို့ ပြောတုန်းက ရှောင်းကျန့်က
သဘောမကျခဲ့တာပါ။

နောက် ရှောင်းကျန့်ရဲ့မားပေါ့..သူကကျတော့ ရှောင်းကျန့်ကို ရှောင်းကျစ်ရုံနဲ့ရခဲ့တာလို့
ထင်ခဲ့တာပါ...ရှောင်းကျစ်ရုံကတော့
အစကတည်းက ရှောင်းကျန့်က သူ့ကလေးမဟုတ်မှန်းသိခဲ့ပါတယ်..ဒါပေမဲ့ ဘာမှမပြောခဲ့တာပေါ့...။
ဒါ့ကြောင့်လည်း ရှောင်းကျန့်ကို သူ့မားက
မုန်းခဲ့တာပါ..ဒီကလေးကြောင့် သူက
ရှောင်းကျစ်ရုံနဲ့ လက်ထပ်လိုက်ရတယ်ဆိုပြီးပါ..။
ပြောရရင်တော့ ရှောင်းကျစ်ရုံက
အကျင့်မကောင်းတာပါ😁။
နောက်ဆုံးသေခါနီးမှ ရှောင်းကျန့်က သူတို့သားမှန်း သိသွားကြတာ..ဒါကြောင့်
ရှောင်းကျန့်ရိပေါ်ကို ရှင်းပြတုန်းက သူ့မားက သူ့ကိုတောင်းပန်တဲ့အကြည့်နဲ့ကြည့်သွားခဲ့တယ်လို့ပြောတာပါ။

ပြီးတော့..ရှောင်းကျစ်ရုံနဲ့ရှောင်းကျန့်ပေါ့...
သူတို့ကကျတော့ ပုံစံချင်းတူတယ်ပြောရမှာပေါ့...။အေးစက်တယ်..ဂရုမစိုက်တတ်ဘူး..
အဲ့လိုမျိုးပါ။
တစ်ယောက်နဲ့တစ်ယောက်က
ကိုယ့်ကိစ္စကိုယ်ရှင်း ပုံစံမျိုးပါ..မနိုင်ရင်တော့ ဘေးကဝင်ကူပေးမယ်...အဲ့လိုမဟာမိတ်ဆက်ဆံရေးပါ..။

ပြီးတော့ ရှောင်းကျန့်က အလုပ်ကိစ္စနဲ့
ပတ်သတ်တာကလွဲရင် လူတွေကို အကြောင်းမဲ့ မသတ်ဖူးပါဘူး..။
သူသတ်လိုက်တဲ့အပြင်လူဆိုလို့ ရိပေါ်အစ်ကိုပဲရှိတာပါ။
အဲ့ဒါကလည်း သူသတ်ဖို့ စိတ်ကူးမရှိခဲ့ဘဲနဲ့ ရှောင်းမေ ဆုံးသွားလို့ ဖြစ်သွားရတာပေါ့..။

ရှောင်းယွမ်က ရှောင်းကျန့်ကိုနားလည်ပေးတယ်ဆိုတာ ရှောင်းကျန့်က ရှောင်းကျစ်ရုံကိုလက်ခံပေးတဲ့ပုံစံမျိုးပါပဲ..။
ကိုယ့်မိဘတွေကိုသတ်ခဲ့ပေမဲ့ ကိုယ့်အတွက်တော့ မှီခိုစရာကောင်းတဲ့အရိပ်ဖြစ်ပေးခဲ့တာမလို့ပါ။

Revenge(Completed)Where stories live. Discover now