Part 6

377 62 33
                                    

UNICODE

သစ်ပင်ပေါ်ကပြုတ်ကျပြီးကတည်းက
နမ်ဂျွန်းကို ဟိုဆော့မျက်နှာချင်းမဆိုင်ရဲပေ။

စကားတွေလည်းအရင်လို
ပေါက်ပေါက်လာမဖောက်တော့ပဲအေးဆေးသာနေနေတော့၏။

နမ်ဂျွန်းစာဖတ်နေချိန်တွေမှာလည်း
သူလာမနှောက်ယှက်တော့ပေ။
သို့ပေမယ့် အဆော့ကတော့မပြတ်ပါ။

သူကရှောင်နေတာမျိုးဆိုတော့
အရင်ဟိုဆော့လေးကိုပြန်လွမ်းမိသည်။

သူရှက်သွားတာလည်းဖြစ်မှာပါ
ဒီလိုနမ်းမိတယ်ဆိုတော့...
အနမ်းအကြောင်းစဥ်းစားမိလျှင်
နှုတ်ခမ်းသားအိအိကို သတိရ၏။
အသည်းပုံနှုတ်ခမ်းက ထိုမျှလောက်ဆွဲဆောင်မှုရှိပါသည်။

ထိုနေ့ကရင်ခုန်သံကိုသိလိုက်ရပြီး
ထိန်းချုပ်ရတော့မည်မဟုတ်လား
သူ့ကိုချစ်ဖို့ဆိုတာမဖြစ်နိုင်ပါ။

အရင်လိုသူ့အသံမကြားတာကြောင့်
ခြံထဲမှာ ဆင်းရှာမိတော့
သစ်ပင်အောက်မှာ ကနေသောငယ်

ဖုန်းထဲကတီးလုံးသံငြိမ့်ငြိမ့်ကိုဖွင့်ထားပြီး
စည်းချက်ညီညီလိုက်ကနေ၏။
ပျော့ပျောင်းလှသော
ခန္ဓာကိုယ်အချိုးအဆစ်ကလေးများ
တစ်ချက်လှုပ်ရှားလိုက်တိုင်း ရင်သပ်စရာကောင်းအောင် လှသည်။
စည်းစနစ်ကျသည်။

ဟိုဆော့၏ ဒီလိုပုံစံမျိုးကို
နမ်ဂျွန်းတစ်ခါမှမမြင်ဖူးခဲ့ပါ။
ဟိုဆော့၏ အကတွင်မေ့မြောနေပြီး
သီချင်းသံဆုံးသွားခါလို့
ဟိုဆော့တွေ့ခါနီးမှ သူထွက်လာ၏။

"တော်လိုက်တာ   ဟိုဆော့က"

"လူ  လူကြီး ကြည့်နေခဲ့တာလား
ရှက်လိုက်တာ"

"ဟိုဆော့က အကကိုဝါသနာပါတာလား"

"ဟုတ်တယ်
အကောင်းဆုံးအကသမားတစ်ယောက်ဖြစ်ဖို့ကကျွန်တော့်အိပ်မက်ပဲ
ဒါပေမယ့်ဖြစ်ခွင့်မရပါဘူးလူကြီးရယ်
အကသင်တန်းလေးတောင်တက်ခွင့်မရခဲ့ဘူး"

လူတစ်ယောက်အကြောင်းကို
ထိုလောက်မျှလေးလေးနက်နက်
မတွေးဖူးသော နမ်ဂျွန်းမှာ ဟိုဆော့ဝါသနာလေးကို ဖြည့်ဆည်းပေးချင်၏။

Nge-ငယ်Wo Geschichten leben. Entdecke jetzt