Part 14

369 62 11
                                    

UNICODE

အဖွားနဲ့တွေ့ပြီး အဖွားကသဘောတူတာမို့
အရာအားလုံးအဆင်ပြေနေသည်။
ဖေဖေကတော့လက်ခံတဲ့ပုံအခုထိမပေါ်သေးပေမယ့် အရင်လိုပြင်းပြင်းထန်ထန်ကန့်ကွက်တာမျိုးတော့မရှိတော့ပါ။

လူကြီးကိုကျေးဇူးတင်မိပါသည်။
လူကြီးခွန်အားတွေပေးခဲ့လို့ ရင်ဆိုင်ရဲခဲ့တာ။

"ငယ်"

"ဟုတ် လူကြီး"

"လူကြီးတို့ခရီးထွက်ကြမလား
ငယ့်အလုပ်တွေလည်းနားထားတယ်ဆိုတော့"

"လူကြီးက ဘယ်ကိုသွားမလို့လဲ"

"ငယ်လေး သွားချင်တဲ့နေရာပေါ့"

"ငယ်က လူကြီးအိမ်ကိုပဲပြန်ချင်တာ
လိမ္မော်ခြံကိုလည်းလွမ်းလို့"

"ငယ်လေးသဘောလေ အိမ်ပဲပြန်ကြတာပေါ့"
.
.
.
.
ကားစထွက်ကတည်းကအိပ်နေတဲ့ငယ်ဟာ
တစ်စက်ကလေးမှမနိုး
လူကြီးကားမောင်းရတာမပျင်းအောင်ဘေးကနေစကားပြောပေးမယ်ဆိုတဲ့ကောင်လေးက
အိပ်နေတာ ဟောက်သံလေးတောင််ထွက်လို့

နှုတ်ခမ်းဖူးဖူးလေးနဲ့ပါးဖောင်းဖောင်းအိအိလေးကို ခိုးနမ်းနေတာသူမသိတာမို့
အိပ်မောကြနေတာကိုပဲကျေးဇူးတင်မိပါသည်။
.
.
.
"ငယ်လေး...ထတော့လေ ရောက်ပြီ"

"အွင်း...ညောင်းလိုက်တာ လူကြီးချီသွား
ဟင့်"

"ဪ...ဟုတ်တာပေါ့ ကိုယ့်ကလေးလေးတစ်လမ်းလုံးအိပ်လာရတော့
အရမ်းညောင်းနေရှာမှာ...ကိုယ်ချီသွားမယ်နော််"

"ဟီး...လူကြီးကအကောင်းဆုံးပဲ"

သူ့ကိုရွဲ့ပြောနေမှန်းမသိသဘောတကျရယ်နေသေးတာ
ပြောသာပြောတယ် ငယ်သာသဘောကျမယ်ဆိုရင် ဒီလိုလေးတစ််သက်လုံးချီထားမှာ

"ဟိုဆော့"

"အစ်ကိုဘိုယောင်း"

ဘိုယောင်းကိုတွေ့တွေ့ချင်း ကိုယ့်ပေါ်ကနေဆင်းပြီးပြေးဖက်သေးတာ
အဖြစ်က ရုပ်ရှင်တွေထဲကလို နှစ်ပေါင်းများစွာဝေးကွာသွားတဲ့ သားအဖတွေပြန်တွေ့ကြသလိုမျိုး
သားအဖပဲရမယ် ချစ်သူတော့မရဘူးဟွန်း!

"ဟိုဆော့လေး အရွယ်ရောက်လာပြီပဲ
traineeလေးဖြစ်နေပြီဆို"

"ဟီး ဟုတ်တယ် အခုကနားထားတာလေ
နောက်လဆိုdebut ရပြီ"

Nge-ငယ်Donde viven las historias. Descúbrelo ahora